ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ယနေ့ (သြဂုတ် ၁၆ ရက်) တွင် မြန်မာသို့ လာရောက်မည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ယနေ့ (သြဂုတ် ၁၆ ရက်) တွင် မြန်မာသို့ လာရောက်မည်
Published 16 August 2022

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ယနေ့ (သြဂုတ် ၁၆ ရက်) တွင် မြန်မာနိုင်ငံသို ပထမဆုံးခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက ထောင်ဒဏ်ခြောက်နှစ် ထပ်မံချမှတ်ခဲ့ပြီး တစ်ရက်အကြာတွင် ၎င်း၏ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ယိုယွင်းလာသော အခြေအနေနှင့် အရေးတကြီးကိစ္စရပ်များအပြင် ၎င်း၏လုပ်ပိုင်ခွင့်ထဲတွင် ရှိနေသော အခြားဦးစားပေးကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အဓိကအာရုံစိုက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၅ ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထိပ်တန်းတာဝန်ရှိသူများထဲမှ မည်သူမည်ဝါနှင့် တွေ့ဆုံမည်ဆိုသည်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် 

တွေ့ခွင့်ရရန် ကြိုးပမ်းသွားခြင်း ရှိမရှိကိုမူ အသေးစိတ်ဖော်ပြခြင်း မရှိပေ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် သြဂုတ် ၁၆ ရက်တွင် လာရောက်မည့် ခရီးစဉ်ကို နစကမှလည်း ကြေညာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့ပြီး အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

၎င်းအနေဖြင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း သံတမန်သတင်းရင်းမြစ် တစ်ဦး၏ အဆိုအရ သိရသည်။

စင်ကာပူနိုင်ငံသူ လူမှုဗေဒပညာရှင် တစ်ဦးဖြစ်သည့် နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်နိုင်ငံသူ ခရစ်စတင်း

ရှရာနာဘာဂနာ၏ နေရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

Ref:AFP

Most Read

Most Recent