COVID-19 ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေးဝါး (သောက်ဆေး) ကို “PACLOVID ” အမည်ဖြင့် ထုတ်လုပ် အောင်မြင်ကြောင်း Pacific Medical Industries Ltd ထုတ်ပြန်

COVID-19 ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေးဝါး (သောက်ဆေး) ကို “PACLOVID ” အမည်ဖြင့် ထုတ်လုပ် အောင်မြင်ကြောင်း Pacific Medical Industries Ltd ထုတ်ပြန်
Published 15 August 2022

COVID-19 ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေးဝါး (သောက်ဆေး) ကို “PACLOVID ” အမည်ဖြင့် ထုတ်လုပ် အောင်မြင်ကြောင်း Pacific Medical Industries Ltd က ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင်COVID-19 ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေးဝါး (သောက်ဆေး) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)အပါအ၀င် US FDA, UK MHRA, Korea FDA, Singapore FDA အပါအဝင် ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်း များမှ မှထောက်ခံထားသော PAXLOVID (Nirmatrelvir 150mg; Ritonavir 100mg (2)မျိုးပါ) ဗိုင်းရပ်ကုသဆေးအား  မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ  ပြည်တွင်းရှိပညာရှင်များ နိုင်ငံခြားသားပညာရှင်များ ပူးပေါင်း၍ အဆင့်ဆင့် research & development ပေါင်းများစွာပြုလုပ်ပြီး  branded generic PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) အမည်ဖြင့် ထုတ်လုပ်အောင်မြင်ပြီး မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDA မှ  ထောက်ခံစာအမှတ် (2308ND012)  ဖြင့်ခွင့်ပြုချက်အား ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းသည် လှိုင်းသဏ္ဍာန် (Wave form) ဖြင့် အတက်အကျ ရှိနေသည်နှင့်အညီ  မြန်မာနိုင်ငံတွင်လည်း နောက်ဆုံး အိုမီခရွန် အထိကူးစက်ပျံ့နှံ ရောက်ရှိခဲ့ပြီး ဖြစ်သည်ကို သိရှိခဲ့ကြပြီးဖြစ်‌ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနည်းတူ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် နောက်ဆုံးပေါ်ခေတ်မှီ ကုသရေးဆေးများကို ဈေးနှူန်းသင့်တင့်စွာဖြင့်  ပြည်တွင်းမှာပင် အရည်အသွေး ပြည့်မှီစွာ ထုတ်လုပ်ဖြန့်ချီပေးလိုသည့် Pacific Medical Industries Ltd ဆေးဝါးထုတ်လုပ်ရေး စက်ရုံ၏ ရည်မှန်းချက်အား ယခု အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Pacific Medical Industries Ltd (PMI) ဆေးဝါးစက်ရုံသည် ယခင် Delta နှင့် Omicron Covid ပိုးများကူးစက်စဉ်ကာလများတွင် FAVIPAC 200, 400 ကို၎င်း၊ MOLNUPAC 200, 400 ကို၎င်း အရည်အသွေးပြည့်မှီစွာထုတ်လုပ်ပြီး သင့်တင့်မျှတသောဈေးနှူန်းများဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးကာ မြန်မာပြည်သူလူထု၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးသည် Covid-19 ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း ၊ Covid-19 ရောဂါ ဆိုးရွားစွာ ကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀ရာခိုင်နှုန်း ထိလျော့ချပေးနိုင်ခြင်း အပြင် delta နှင့် omicron မျိုးစိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာ ကုသနိုင်ခြင်း၊ အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40kg အထက်ကလေးများအား ကုသမှုပေးနိုင်ခြင်း စသည်ကောင်းကျိုးများရှိသည့် နောက်ဆုံးပေါ်ကိုဗစ်ကုသဆေး (သောက်ဆေး) ဖြစ်သည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO အပါအ၀င် US FDA, UK MHRA, Korea FDA, SIngapore FDA အပါအဝင် ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်း များမှ ကုသမှုအပိုင်းတွင် အောင်မြင်မှုအမြင့်ဆုံးသောက်ဆေးအဖြစ်ထောက်ခံထားသည့်ဆေးဖြစ်သည်။

PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးအားအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော Pacific Medical Industries Ltd သည် နိုင်ငံတာကာအဆင့်မှီ Manufacturing equipments များကိုအသုံးပြုထားသည့်  ခေတ်မှီအနောက် တိုင်းဆေးဝါး စက်ရုံဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ Good Manufacturing Practice (WHO’s cGMP) စံစနစ်အတိုင်း လိုက်နာကျင့်သုံး လျက်ရှိသော ဆေးဝါးစက်ရုံဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံ ANAB (ANSI National Accreditation Board မှ ကုန်ကြမ်း/ကုန်ချောများကို တိကျမှန်ကန်အဆင့်မြင့်စွာ အရည်အသွေးစစ်ဆေးခြင်း  (ISO Testing and Calibration Laboratories )အတွက် ISO/IEC 17025:2017 Certificate No. AT-3067 အားအောင်မြင်စွာ ရရှိထားခဲ့သည့် ဆေးဝါးစက်ရုံဖြစ်ပြီး  မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးဝါးစက်ရုံများထဲတွင် ISO/IEC 17025:2017 Certificate  ပထမဆုံးရရှိထား သော၊ တစ်ခုထဲသော ဆေးဝါးစက်ရုံဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ANAB (ANSI National Accreditation Board ) မှ ပေးအပ်သော ISO 17025:2017 Certificate အား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (Myanmar FDA)၏ Pharmaceutical Chemistry Laboratory မှလည်း ရရှိထားပြီး ကျွန်ုပ်တို့၏ Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှာ Myanmar FDA ပြီးလျှင် ဒုတိယမြောက်ရရှိခဲ့သော ပြည်တွင်းဆေးဝါးစက်ရုံလည်းဖြစ်သည်။

Most Read

Most Recent