ယွန်းအာက လက်ရှိတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေရသည့်အကြောင်း Girls’ Generation အဖွဲ့ ရှင်းလင်းပြောကြား

ယွန်းအာက လက်ရှိတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေရသည့်အကြောင်း Girls’ Generation အဖွဲ့ ရှင်းလင်းပြောကြား
Published 15 August 2022

တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီး K-Pop အဖွဲ့ Girls’ Generation က သြဂုတ် ၁၃ ရက်တွင် JTBC ရုပ်သံ၏ Knowing Brothers အစီအစဉ်တွင် ဧည်သည့်များအဖြစ် ရောက်ရှိလာခဲ့ပြီး အဖွဲ့လိုက်သီချင်းပြန်လည်ထွက်ရှိသည့်အကြောင်းနှင့် ယွန်းအာက လက်ရှိတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသည့်အကြောင်းရင်းကို ရှင်းလင်းခဲ့သည်။

အဖွဲ့ဝင်တေးယွန်း၏ ပုဂ္ဂိုလ်ရေးသုံးသပ်ချက်ကို အကဲဖြတ်စဉ်အတွင်း လီဆူးဂွမ်က “သင်က ခေါင်းဆောင်ဟောင်းလား” ဟု မေးမြန်းခဲ့ပြီး “တေးယွန်းသင်ခေါင်းဆောင်အဖြစ်ကနေ ထုတ်ခံလိုက်ရတာလား” ဟု ဟာသသဘောဖြင့် မေးမြန်းခဲ့သည်။

ထိုအခါ တေးယွန်းက” အခုရက်ပိုင်းတွေအတွင်း အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို ကြော်ငြာတဲ့နေရာမှာ အဆင့်မြှင့်တင်တဲ့အနေနဲ့ ခေါင်းဆောင်စနစ်ကို ပြောင်းလဲဖို့ ကျွန်မတို့တွေ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် လက်ရှိမှာတော့ ကျွန်မတို့ဆီမှာ လအလိုက်ခေါင်းဆောင်စနစ်နဲ့ သွားနေပါတယ်” ဟု ဆိုသည်။

ထိုအခါ Knowing Brothers အဖွဲ့ဝင်များက လက်ရှိခေါင်းဆောင်ကို မေးမြန်းသည့်အခါ ဟိုယွန်းက “ကျွန်မတို့တွေ အဖွဲ့ဝင်တစ်ယောက်ချင်းစီကို ခေါင်းဆောင်အဖြစ်ထားမှာဖြစ်ပြီး တစ်ဖနီ၊ ဆူးယောင်းနှင့် ယွန်းအာတို့လည်း ပါဝင်ပါတယ်။ ယွန်းအာကို ခေါင်းဆောင်ထားဖို့ ရွေးချယ်လိုက်ပါတယ်။ အဲ့ဒါကြောင့် ယွန်းအာကို ကျွန်မတို့တွေမေးလိုက်တယ်။ သူ့ရဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေပေမယ့် ဒီအခါခေါင်းဆောင်အဖြစ် လုပ်ပေးနိုင်မလားဆိုတော့ သူကလုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

တစ်ဖက်၌လည်း ယွန်းအာက ၎င်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေချိန် အချို့အဖွဲ့ဝင်များက ၎င်းအတွက် မကြာခဏအလုပ်ပိုစေကြောင်း ဝန်ခံပြောကြားခဲ့သည်။ “ကျွန်မတို့တွေပွဲဦးထွက်ချိန်ကတည်းက အချိန်တွေ ပြောင်းလဲလာတယ်ဆိုပေမယ့် wi-fi နဲ့ Kakao Talk လိုမျိုး ကိစ္စတွေမှာတော့ အဆင်ပြေနေပေမယ့် အခက်အခဲတွေတော့ ရှိနေပါသေးတယ်” ဟု ယွန်းအာက ပြောကြားခဲ့သည်။

Most Read

Most Recent