(၅၅)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အခမ်းအနားနှင့် အထိမ်းအမှတ်ဆွေးနွေးပွဲများသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

(၅၅)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အခမ်းအနားနှင့် အထိမ်းအမှတ်ဆွေးနွေးပွဲများသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်
Published 9 August 2022

(၅၅)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အခမ်းအနားကို သြဂုတ် ၈ ရက် နံနက်ပိုင်းက အာဆီယံ-နယူးဒေလီကော်မတီ(ANDC)အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် နယူးဒေလီမြို့ရှိ ထိုင်းသံရုံးမှ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အာဆီယံအလံလွှင့်တင်ခြင်းအခမ်းအနားပြီးနောက် မြန်မာသံအမတ်ကြီးသည် အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ အာဆီယံ-နယူးဒေလီကော်မတီ အထူးအစည်းအဝေးနှင့် Association of Asia Scholar မှ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် အာဆီယံ-အိန္ဒိယစင်တာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သုတေသနနှင့် သတင်းအချက်အလက်ဗဟို (RIS) တို့မှ India Habitat Centre တွင် ပူးတွဲစီစဉ်ကျင်းပခဲ့သည့် (၅၅) နှစ်မြောက်အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွေးနွေးပွဲသို့ တက်ရောက်၍ “75 Years of India and 55 years of ASEAN” Panel discussion တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent