၂၀၂၂ ခုနှစ် ဧပြီတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယခင်နှစ်ကာလတူထက် ကိုးရာခိုင်နှုန်းခန့်မြင့်တက်

၂၀၂၂ ခုနှစ် ဧပြီတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယခင်နှစ်ကာလတူထက် ကိုးရာခိုင်နှုန်းခန့်မြင့်တက်
Published 9 August 2022

၂၀၂၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယခင်နှစ်ကာလတူထက် ကိုးရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၀ ဒသမ ၇၂  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၇ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင်  မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၁၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၇၂ ရာ ခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

 

လအလိုက်ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈ဝရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၃ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၇ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၅ ဒသမ ၀၅  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း  သိရသည်။      

 

 

 

Most Read

Most Recent