ရဟတ်ယာဉ်ငှားရမ်းမှု သက်တမ်းတိုးခြင်းနှင့် ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း ​ဆောင်ရွက်မှုများအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုများအတွက် ဒုဝန်ကြီး​ဟောင်းဦးစိုး​အောင်ကို ဆက်လက်စစ်​​ဆေး

ရဟတ်ယာဉ်ငှားရမ်းမှု သက်တမ်းတိုးခြင်းနှင့် ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း ​ဆောင်ရွက်မှုများအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုများအတွက် ဒုဝန်ကြီး​ဟောင်းဦးစိုး​အောင်ကို ဆက်လက်စစ်​​ဆေး
Published 8 August 2022

ရဟတ်ယာဉ် ငှားရမ်းမှုသက်တမ်းတိုးခြင်းနှင့်ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း ​ဆောင်ရွက်မှုများအ​ပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၈၊ ၅၀ တို့အတွက် တရားလိုပြသက်​သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး​ဟောင်း ဦးစိုး​အောင်ကို စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရသိရသည်။

နေပြည်​တော်​အချုပ်ထောင်ရှိ အထူးတရားရုံးတွင် သြဂုတ် ၈ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥ​ပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတ​ဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း အမှုနှင့်ပတ်သက်၍ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

သြဂုတ် ၈ ရက်ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ငှားရမ်းမှုသက်တမ်းတိုးခြင်းနှင့် ရဟတ်ယာဉ်ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း စသည့်​ဆောင်ရွက်မှုများအ​ပေါ် အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုအမှတ် ၄၈ နှင့် ၅၀ တို့အတွက် တရားလိုပြသက်​သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုး​အောင်ကို စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။                               

အထက်ပါအမှုများနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် လာ​ရောက်ထွက်ဆိုခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး​ဟောင်း ဦးစိုး​အောင်သည် NLD အစိုးရလက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ​ဒေါက်တာဝင်းမြတ်​အေးနှင့်အတူ လူကယ်ပြန်ဝန်ကြီးဌာန၌ တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်​ကြောင်း သိရသည်။

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ​​သြဂုတ် ၉ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

Most Read

Most Recent