မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းခွဲကျော် တိုးမြင့်လာပြီး  ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ  ၁ ဒသမ ၂ သန်းအထိ ရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းခွဲကျော် တိုးမြင့်လာပြီး  ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ  ၁ ဒသမ ၂ သန်းအထိ ရှိလာ
Published 2 August 2022

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းခွဲကျော် တိုးမြင့်လာပြီး ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ ၁ ဒသမ ၂ သန်းအထိ ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA Myanmar) က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြားတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသောကြောင့် လုံခြုံရေးအခြေအနေတင်းမာပြီး လူသားချင်းစာနာမှုလိုအပ်ချက်အခြေအနေများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်။  

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုကြောင့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းအခြေချရမှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း OCHA Myanmar က ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဇူလိုင် ၁၈ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် လုံခြုံရေးအခြေအနေသည် အထူးသဖြင့် ရသေ့တောင်မြို့နယ်တွင် မတည်မငြိမ်ဖြစ်နေပြီး အတည်မပြုနိုင်သေးသည့် ဒေသခံသတင်းများအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချနေရမှုများ ရှိခဲ့ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ညမထွက်ရအမိန့်နှင့် ဧည့်စာရင်းစစ်ခြင်းအပါအဝင် အသွားအလာကန့်သတ်ချက်များနှင့် အခြားလုံခြုံရေးအစီအမံများ ချမှတ်ထားသည့် သတင်းများကိုလည်း ကြားသိရကြောင်း၊ အရေးပေါ်လိုအပ်ချက်များ ရှိလာပါက လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရန် အခြေအနေများကို အကဲဖြတ်လျက်ရှိကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကုလသမဂ္ဂရ၏ ဇူလိုင် ၁၈ ရက် နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၈၅၇၉၀၀ အထိ တိုးမြင့်လာပြီး ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ စုစုပေါင်း ၁ ဒသမ ၂ သန်းအထိ ရှိလာပြီဖြစ်ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent