ဆေးဝါးတင်သွင်းသော ကုမ္ပဏီများ မိမိအစီအစဉ်ဖြင့် ကုန်ရောင်းသူသို့ ငွေပေးချေမည် ဆိုပါက ကုန်သွယ်ရေး ဦးစီးဌာနနှင့် ဆက်သွယ်၍ သွင်းကုန်လိုင်စင် ထုတ်ယူနိုင်ကြောင်း အသိပေး

ဆေးဝါးတင်သွင်းသော ကုမ္ပဏီများ မိမိအစီအစဉ်ဖြင့် ကုန်ရောင်းသူသို့ ငွေပေးချေမည် ဆိုပါက ကုန်သွယ်ရေး ဦးစီးဌာနနှင့် ဆက်သွယ်၍ သွင်းကုန်လိုင်စင် ထုတ်ယူနိုင်ကြောင်း အသိပေး
Published 22 July 2022

ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းသောကုမ္ပဏီများ မိမိအစီအစဉ်ဖြင့် ကုန်ရောင်းသူသို့ ငွေပေးချေမည်ဆိုပါက   ကုန်သွယ်ရေးဦးစီးဌာနနှင့်ဆက်သွယ်၍ သွင်းကုန်လိုင်စင် ထုတ်ယူနိုင်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

ဆေးဝါးနှင့်ဆေးပစ္စည်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်အတွက် မြန်မာ နိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအ သင်းမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြစိစစ်ထားရှိပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြထားသည့် သွင်း ကုန်လိုင်စင်များအနက် ကုမ္ပဏီများမှ မိမိအစီအစဉ်ဖြင့် တစ်ဖက်ကုန်ရောင်းသူသို့ ငွေ ပေးချေဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း မှတစ်ဆင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ဆက်သွယ်၍ သွင်းကုန်လိုင်စင်ထုတ်ယူနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေး ကြေညာထားသည်။

ပြည်တွင်း နိုင်ငံခြားဆေးဝါးများ စျေး တက်နေပြီး ကုန်ပစ္စည်း အဝင်နည်းပါးမှု ကြောင့် စျေးကွက်အတွင်း ဆေးပစ္စည်းအချို့ ပြတ်လပ်နေဟု နိုင်ငံခြားဆေးဝါးများရောင်း ချသည့် အရောင်းဆိုင်များမှ စုံစမ်းသိရှိရ သည်။

နိုင်ငံခြားဆေးဝါးအများစုမှာ ဆေးကတ် တစ်ကတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ခန့်အထိ စျေးတက်သွားပြီး အချို့ဆေးဝါးများ ပစ္စည်း ပြတ်လပ်လျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်ရှိ နိုင်ငံခြားဆေးဝါးရောင်း ချသည့် ဆေးဆိုင်တစ်ဆိုင်က “ဆေးပစ္စည်း တော်တော်များများကတော့ စျေးတက်သွားပါ တယ်။ ကုမ္ပဏီတွေကတစ်ဆင့် စျေးတက်သွား တာပါ။ တချို့ဆေးအမယ်တွေကျတော့ ပစ္စည်းပြတ်နေတယ်။ ပစ္စည်းပြတ်နေလို့ တော် တော်များက စျေးတက်သွားတာပါ” ဟု ပြော ကြားခဲ့သည်။

ဆက်လက်၍ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများမှ တင်သွင်းရန် အခက်အခဲရှိနေ ကြောင်း၊ စျေးကွက်အတွင်းရှိနေသည့် ဆေးဝါး များအနက် တန်ဖိုးမြင့်မားသည့် ဆေးဝါးများ မှာ စျေးပိုမိုတက်လျက်ရှိကြောင်း စုံစမ်းသိရှိ ရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင် သည့် ပြည်သူတစ်ဦးက “ပြီးခဲ့တဲ့သီတင်းပတ် ကမှ ၄၅၀၀ နဲ့ဝယ်လာတဲ့ဆေးကတ်က အခု ၅၆၀၀ ဖြစ်သွားတယ်။ ဘာဖြစ်လို့ အဲဒီလောက် စျေးတက်သွားတယ်လဲလို့ မေးကြည့်တော့ သူတို့တင်သွင်းတဲ့ ဆေးကုမ္ပဏီတွေက စျေး တက်သွားလို့ပါလို့ ပြောတယ်။ တစ်ထောင် အောက်နဲ့ တစ်ထောင်ပတ်ဝန်းကျင်ဆေးတွေ ကို မေးကြည့်တော့ သိပ်မတက်ဘူး။ အချို့ ဆေးတွေရဲ့ စျေးနှုန်းကျတော့ ငြိမ်နေတယ်” ဟု ပြောကြားသည်။

ကုန်ပစ္စည်းများ ပြည်ပက ဝယ်ယူတင် သွင်းခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားသုံးငွေကြီး ကြပ်ရေးကော်မတီ၏ အစည်းအဝေးကို တစ် ပတ် နှစ်ကြိမ်ပြုလုပ်နေပြီး ပြည်တွင်းသုံးစွဲရန် လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်ပက ဝယ် ယူတင်သွင်းခြင်းတို့အတွက် မရှိမဖြစ်လိုအပ် သည့် ကုန်ပစ္စည်းများကို ဦးစားပေးခွင့်ပြုနေ ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

နိုင်ငံခြားငွေများ မလိုအပ်ဘဲ ပြည်ပသို့ စီးထွက်မှုများအပေါ် စနစ်တကျတားဆီးနေ သည်ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇွန်လလယ်ပိုင်းက ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

“ပြည်တွင်းသုံးစွဲရန် လိုအပ်တဲ့ ကုန် ပစ္စည်းများ ပြည်ပကနေ ဝယ်ယူတင်သွင်းခြင်း တို့အတွက် နိုင်ငံတော်အတွက် အခြေခံ မရှိမ ဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက်ရှိပါတယ်” ဟု  နစကပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားထားသည်။

Most Read

Most Recent