ပေါ်တူဂီထိပ်သီး ဘင်ဖီကာအသင်းဟာ ပြီးခဲ့တဲ့ (၃)ရာသီအတွင်း အသင်းအကယ်ဒမီထွက် ကစားသမား (၂)ဦးကို ရောင်းချခဲ့ရာမှာ ယူရိုသန်း (၂၀၀)နီးပါး ရရှိခဲ့ပါတယ်။ ဘင်ဖီကာအသင်းဟာ ၂၀၁၉ မှာ အကယ်ဒမီထွက် တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို အက်သလက်တီကိုအသင်းဆီ ယူရို (၁၂၇.၂)သန်းနဲ့ ရောင်းချခဲ့ပြီး ၂၀၂၀ မှာတော့ ရူဘင်ဒီယက်စ်ကို မန်စီးတီးအသင်းဆီ ယူရို (၆၈)သန်းနဲ့ ရောင်းချခဲ့တာပါ။ ဘင်ဖီကာ အသင်းအကယ်ဒမီကို ဘင်ဖီကာ Campus လို့ လူသိများကြပါတယ်။ ဘင်ဖီကာအကယ်ဒမီက ဥရောပထိပ်တန်းအသင်းတွေဆီ တန်ကြေးမြင့် ကစားသမားတွေ တောက်လျှောက်ရောင်းချခဲ့ရတာပါ။ အဲဒီထဲမှာ အီဒါဆန်၊ ရီနာတိုဆန်းချက်စ်၊ ဂယ်ဒက်စ်၊ ဂျော်အိုဖေးလစ်၊ ဒီယက်စ် စတဲ့ကစားသမားတွေကတော့ နာမည်ကြီးပါတယ်။ ဘင်ဖီကာအသင်းရဲ့ နည်းစနစ် Coordinator မာဂယ်လ်ဟက်စ်က သူတို့အသင်းဟာ အောင်မြင်တဲ့ ဘောလုံးသမားအဖြစ် မကူးပြောင်းခင်မှာ လူငယ်ကစားသမားလေးတွေကို ဂရုတစိုက် ပျိုးထောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဘင်ဖီကာ အသင်းရဲ့ အကယ်ဒမီမှာ လူငယ်ကစားသမား (၉၅)ဦးနီးပါးရှိတာပါ။
ဘင်ဖီကာ ဘောလုံးကျောင်းတော်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















