တချို့အပြောင်းအရွှေ့တွေက အသင်းရဲ့ ပရိသတ်တွေကို စိတ်ပျက်စေတယ်။ တချို့အပြောင်းအရွှေ့တွေကျတော့လည်း အသင်းပရိသတ်တွေအားလုံးကို ကျေနပ်စေတယ်။ စတာလင်လို အပြောင်းအရွှေ့မျိုးကျတော့ မန်စီးတီးပရိသတ်တွေကြားမှာကို နှစ်ခြမ်းကွဲသွားစေတယ်။အသက် (၂၇) နှစ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမား။ စတာလင်ရဲ့ အကောင်းဆုံးအချိန်တွေက အခုမှ ခုတ်မောင်းနေတုန်း။ နေမဝင်သေးဘူး။ ခြေမကျသေးဘူး။ စျေးကွက်ပေါက်စျေးအရလည်း အမြင့်ကြီးမှာ ရှိနေသေးတယ်။ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာပြီးကတည်းကဆိုရင် (၃၃၉)ပွဲ ကစားပေးခဲ့တယ်။ (၁၃၁)ဂိုးသွင်းတယ်။ (၉၄)ကြိမ် ဖန်တီးပေးခဲ့တယ်။ ဂွါဒီယိုလာလက်ထက်ကိုကြည့်ရင်လည်း ဒီအသင်းရဲ့ အဓိကဂိုးသွင်းရှင်တာဝန်ကို ယူထားတဲ့သူမဟုတ်ပေမဲ့ ဒီတာဝန်ကိုယူထားတဲ့ အဂွဲရိုးထက် သွင်းဂိုးမဆိုသလောက်လေးနည်းတဲ့ ဒုတိယဂိုးအများဆုံးကစားသမား။ ချယ်လ်ဆီးအသင်းက အရွယ်ကောင်း၊ ထိပ်တန်းအဆင့်ကစားသမားကို ပေါင်သန်း (၄၀)ကျော်နဲ့ ခေါ်ယူသွားနိုင်ခဲ့တယ်။
စတာလင်က ပေးတဲ့ အတွေးများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















