ယခုတစ်ပတ်အတွင်း ဒီပိုင်းနှင့် ဘာစီလိုနာတို့ ဆွေးနွေးမှုပြုလုပ်မည်

ယခုတစ်ပတ်အတွင်း ဒီပိုင်းနှင့် ဘာစီလိုနာတို့ ဆွေးနွေးမှုပြုလုပ်မည်
Photo: Getty Images
Photo: Getty Images
Published 18 July 2022

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် အသင်း၏တိုက်စစ်မှူး ဒီပိုင်း၏အနာဂတ်နှင့်ပတ်သက်ပြီး ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၂၈)နှစ် အရွယ်ရှိ ဒတ်ချ်လက်ရွေးစင်တောင်ပံကစားသမား ဒီပိုင်းသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလက လိုင်ယွန်အသင်းမှ ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး ကြံ့ခိုင်မှုပြဿနာနှင့်အတူ စပိန်မြေတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူဖြစ်သည်။

ဒီပိုင်းအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာလိုခြင်းမရှိသော်လည်း လီဝန်ဒေါစကီးအား ခေါ်ယူနိုင်ခဲ့ပြီးနောက် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ပြတ်သားသည့် အဖြေတစ်ခုကို အလိုရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ဒီပိုင်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းမှ စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent