မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အပြောင်းအရွှေ့သတင်းများကို နည်းပြ နာဂယ်စ်မန်းအပါအဝင် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများ ငြင်းဆန်

မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အပြောင်းအရွှေ့သတင်းများကို နည်းပြ နာဂယ်စ်မန်းအပါအဝင် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများ ငြင်းဆန်
Photo : Getty Images
Photo : Getty Images
Published 18 July 2022

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အပြောင်းအရွှေ့သတင်းထွက်ပေါ်နေမှုများအား ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နာဂယ်စ်မန်း အပါအဝင် အသင်းတာဝန်ရှိသူများက အသီးသီးငြင်းဆန်ခဲ့ကြကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် လာမည့်ရာသီ မန်ယူအသင်း၏ အိမ်ကွင်း၊ အဝေးကွင်းဂျာစီ မိတ်ဆက်မှုတွင် ၎င်း၏ ပုံရိပ်ပါရှိနေသော်လည်း အသင်းမှ ထွက်ခွာရန် တရားဝင်တောင်းဆိုထားသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဂျာမန်သတင်းစာ Bild ၏ နာမည်ကြီးဂျာနယ်လစ်ဖြစ်သူ ခရစ္စတီယန်ဖောက်ခ်နှင့် နာဂယ်စ်မန်းတို့ တွေ့ဆုံမှုတွင် စီရော်နယ်လ်ဒို၏သတင်းများနှင့် ပတ်သက်ပြီး နာဂယ်စ်မန်းက "ကျွန်တော်လည်းပဲ ဒီသတင်းတွေကို ဖတ်ရပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေက မမှန်ပါဘူး" ဟု ဖြေကြားခဲ့သည်။

ယင်းမတိုင်မီ ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက "ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ကျွန်တော် နှစ်သက်ပါတယ်။ အလွန်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမဲ့ ကလပ်အသင်းတိုင်းကတော့ အယူအဆတစ်ခုစီ ရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုချိန်မှာ သူ့ကို လက်မှတ်ထိုးတာ မှန်ကန်မလားဆိုတာ မသေချာပါဘူး။ ကျွန်တော်တို့ရဲ့စိတ်ကူးတွေနဲ့ မကိုက်ညီတဲ့ အပြောင်းအရွှေ့တစ်ခုပါ" ဟု မှတ်ချက်ပြုခဲ့သည်။

ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က "ခရစ္စတီယာနိုရော်နယ်လ်ဒိုအပေါ် ကျွန်တော် လေးစားမှုအများကြီးရှိပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေရော ကစားသမားဘဝကိုရောပေါ့။ ဒါပေမဲ့ နောက်တစ်ကြိမ် ပြောပါ့မယ်။ ဒီအကြောင်းအရာက ကျွန်တော်တို့ အတွက် Topic တစ်ခု မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent