အမရပူရမြို့နယ်တွင် မီးရထားစက်ရုံ လုံခြုံရေးဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

အမရပူရမြို့နယ်တွင် မီးရထားစက်ရုံ လုံခြုံရေးဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 17 July 2022

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် မီးရထားစက်ရုံလုံခြုံရေးဝန်ထမ်းတစ်ဦး အား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးမှု ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရန်ကင်းရပ်ကွက် ဝန်ထမ်းအိမ်ရာတွင်နေထိုင် သည့် မီးရထားစက်ရုံလုံခြုံရေးဝန်ထမ်းဖြစ်သူ အသက် (၄၂ နှစ်) အရွယ် ဦးဇာနည်နိုင် သည် မြစ်ငယ်စျေးသို့ သွားရောက်စဉ် သေနတ် ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးဇာနည်နိုင်သည်  ဆိုင်ကယ်မောင်းနှင် လာစဉ် မူလွန်ကျောင်းရှေ့သို့ အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဆိုင် ကယ်တစ်စီးပေါ်မှ အမည်မသိအမျိုးသားနှစ် ဦးက သေနတ်ဖြင့် လေးချက်ခန့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့်  ကိုဇာနည်နိုင် တွင် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်သွားသူများကို ဖမ်းဆီးရမိ ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက် နံနက်ပိုင်းက လည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တွင် နေအိမ်ပြန်ရောက်နေသည့် တပ်မတော် မှ ဗိုလ်ကြီးတစ်ဦးအား သေနတ်ဖြင့်ဝင်ရောက် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန် တုံးရပ်ကွက်၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၊ ၁၀၈ဘီ လမ်းရှိ နေအိမ်တစ်ခုတွင် နံနက် ၇ နာရီခွဲခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။