၂၀၂၂ ခုနှစ် မတ်လတွင် အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၇၀၉၂၀၈ သန်းကောက်ခံရရှိ

၂၀၂၂ ခုနှစ် မတ်လတွင် အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၇၀၉၂၀၈ သန်းကောက်ခံရရှိ
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 16 July 2022

၂၀၂၂ ခုနှစ် မတ်လတွင် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၇၀၉၂၀၈ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟို စာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှု အနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၁၄၃၆၉၅ သန်း၊  ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၆၉၁၄ သန်း၊ ဝင်ငွေခွန်ကျပ် ၃၂၈၁၄၆ သန်း၊ တံဆိပ်ခေါင်းခွန် ၁၃၄၁၃ သန်း၊ အောင်ဘာလေသိန်းဆုခွန် ၂၂၁၈ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ်၉၄၆၅ရသန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၁၆၁၃၈၈သန်း၊ ဝင်ငွေခွန် ကျပ် ၁၀၄၅၈၄ သန်း၊ တံဆိပ်ခေါင်းခွန် ၇၇၀၉ သန်း၊ အောင် ဘာလေသိန်းဆုခွန် ၇၆၈ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အခွန်ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ် ၄၇၅၉၂ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၉၈၈၆၇ သန်း၊ ဝင်ငွေခွန် ကျပ်၂၅၇၉၀၂ သန်း၊ တံဆိပ်ခေါင်းခွန် ၉၉၃၁ သန်း၊ အောင် ဘာလေသိန်းဆုခွန်၂၃၇၄ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုစုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(IRD)၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏အခွန်ကောက်ခံရရှိမှု အခြေအနေကိုလေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ  ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၃၃၇၉ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

နှစ်စဉ်အထူးကုန်စည်ခွန်ရ ငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂   ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ  ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှမတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရငွေ စာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှမတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှမတ်လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အော က်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း  ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်ထားသည်။

Most Read

Most Recent