၂၀၂၂ ခုနှစ် မတ်လတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၂၉၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော်ပိုမိုရရှိ

၂၀၂၂ ခုနှစ် မတ်လတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၂၉၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော်ပိုမိုရရှိ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 16 July 2022

၂၀၂၂ ခုနှစ် မတ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၂၉၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် မတ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၉၀ ဒသမ ၃ သန်းရရှိခဲ့သည်။၂၀၂၁ ခုနှစ် မတ်လတွင် ဒေါ်လာ၂၅၇ ဒသမ ၇ သန်း ရရှိခဲ့သည်။ အ ဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် မတ်လတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိငွေမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ ဒသမ ၆ သန်းပိုမိုရရှိခဲ့သည်။

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာလတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊မတ်လတွင် ဒေါ်လာ ၂၅၇ ဒသမ ၇ သန်း၊ဧပြီလတွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊မေလတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ဇွန်လတွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ဇူလိုင်လတွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊သြဂုတ်လတွင် ဒေါ်လာ ၂၈၄ဒသမ ၀ သန်း၊စက်တင်ဘာလတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊အောက်တိုဘာလတွင် ဒေါ် လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင် ဘာလတွင် ဒေါ်လာ ၂၇၄ ဒသမ ၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိ ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်ဝါရီတွင် ဒေါ်လာ ၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၉၀ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ထက် ဝင်ငွေဒေါ်လာသန်း ၄၂၀ ခန့်လျော့ကျခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန် ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခု နှစ် စက်တင်ဘာလအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ဝင်ငွေဒေါ်လာ ၄၁၈ ဒသမ ၃ သန်းလျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း)ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း)ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ (ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း) ရရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

 

 

Most Read

Most Recent