Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကို လာမည့် သြဂုတ် ၁ ရက်တွင် ပြန်လည်ပျံသန်းမည်

Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကို လာမည့် သြဂုတ် ၁ ရက်တွင် ပြန်လည်ပျံသန်းမည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်လာသည့် ခရီးသည်များကို တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်လာသည့် ခရီးသည်များကို တွေ့ရစဉ်
Published 15 July 2022

Bangkok Airways လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကိုလာမည့် သြဂုတ် ၁ ရက်တွင် ပြန်လည် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Commercial flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Thai Air Asia ၏ ဘန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

Thai Air Asia ၏ လေကြောင်းခရီးစဉ်များကို ဇူလိုင် ၁ရက်နေ့မှစတင်ကာ ရန်ကုန်လေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပျံသန်းဆိုက်ရောက်လာသော Thai Air Asia ၏ လေယာဉ်အမှတ် FD 252 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။                          

နိုင်ငံတကာလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Air Asia (Behad) ၏ ကွာလာလမ်ပူ-ရန်ကုန်လေကြောင်း ခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။

Air Asia (Behad)သည် ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ်ကြိမ်တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Commercial flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  Nok Air ၊ THAI Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၀ ခုနှစ် မတ် ၂၉ ရက်မှစတင်ကာ ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ Singapore Airlines ၏ စင်ကာပူ ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။                             

လက်ရှိတွင် Commercial flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Malaysia Airlines ၊ Singapore Airlines ၊ ပြည်တွင်း လေကြောင်းလိုင်းနှစ်ခုဖြစ်သည့် MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်တွင် THAI Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက်တွင် Air Asia (Behad)လေကြောင်းလိုင်းနှင့် ဇူလိုင် ၁ ရက်တွင် Nok Air လေကြောင်းလိုင်း၊ Thai Smile လေကြောင်းလိုင်းများက ပြန်လည်ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ် ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial flight များအား ပြန်လည်စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များပုံမှန်ပျံသန်းနေပြီ ဖြစ်သည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချော မွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ် သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူခရီးစဉ်အားနေ့စဉ် ပျံသန်းနေပြီး အင်္ဂါနေ့မှလွဲ၍တစ်ရက် နှစ်ကြိမ် ပျံသန်းဖြစ်ကာ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၂၄၀ မှစတင်ရောင်းချနေကြောင်း သိရသည်။      

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးထားပြီးသော Certificate of Vaccination ပြသရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာအမျိုး သားလေကြောင်းလိုင်းက အသိပေးချက်ထုတ် ပြန်ထားသည်။

Most Read

Most Recent