ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင် ၉ ရက်က လက်လုပ်နင်း မိုင်းတစ်လုံး နင်းမိပေါက်ကွဲ သဖြင့် အသက်လေးနှစ်အရွက် ကလေးငယ် တစ်ဦး ခြေနှစ်ဖက်ဒူးအောက်ပိုင်းပြတ်နှင့် ၎င်း၏မိခင်၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် သည်။
ဇူလိုင် ၉ ရက် နံနက်ပိုင်းက ရွှေကျင်မြို့နယ်၊ ကျွန်းကြီးကျေးရွာနေ မချစ်သက်သက်အောင်(ခ) အငယ်မ (၂၆)နှစ်သည် ကျန်းမာရေးမကောင်းသည့် ၎င်း၏သားဖြစ်သူ မောင် အောင်ဆန်းလင်းလေးနှစ်အား ကျောက် တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာရှိ တိုက်နယ် ဆေးရုံ၌ ဆေးကုသရန်အတွက် သွား ရောက်စဉ် လှေတန်းကျွန်းကြီး ကျေးရွာ ကူးတို့ဆိပ်အနီးသို့အရောက်၌ လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်အောင်ဆန်းလင်း တွင်ဝဲ/ယာခြေထောက်နှစ်ချောင်းဒူး အောက်မှ ပြတ်ခဲ့ပြီး မိခင်ဖြစ်သူ မချစ်သက် သက်အောင်(ခ) မအငယ်မ၏မျက်နှာ၌ မိုင်း စထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံးသို့ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။
ထိုသို့လက်လုပ်နင်းမိုင်းပေါက်ကွဲ၍ ထိ ခိုက်ဒဏ်ရာရရှိခဲ့သူများအား ပဲခူးတိုင်း ဒေ သကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင် ရွက်ပေးပြီး ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ပေးလျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။