ဆီမြွန်နီနဲ့ မအောင်မြင်သေးတဲ့ပြောင်းလဲရေးမစ်ရှင်

ဆီမြွန်နီနဲ့ မအောင်မြင်သေးတဲ့ပြောင်းလဲရေးမစ်ရှင်
Photos: Getty Images
Photos: Getty Images
Published 2 July 2022
Hein Thant

ဆီမြွန်နီတစ်ယောက် ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဝေဖန်မှုတွေ အတော်လေးကိုခံခဲ့ရတယ်။ အထူးသဖြင့် မန်စီးတီးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အက်သလက်တီကိုအသင်း ကစားပုံကို ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိခဲ့တယ်။ အက်သလက်တီကိုရဲ့ ခံစစ်အလွန်အကျွံ ကစားခဲ့ပုံက ဘောလုံးပွဲတစ်ပွဲရဲ့ အလှအပကိုဖျက်ဆီးရာရောက်ပြီး ဘောလုံးပွဲတစ်ပွဲက ပေးတဲ့ရသကိုလည်းပျောက်ဆုံးစေခဲ့တယ်လို့ ဝေဖန်မှုတွေပြင်းပြင်းထန်ထန် လုပ်ခဲ့ကြတယ်။ ဆီမြွန်နီ ကတော့ သူ့အသင်းကစားပုံ အပေါ် ကာကွယ်စကားပြောခဲ့ရင်း အသင်းကစားပုံအပေါ် တာဝန်အပြည့်ယူပြခဲ့တယ်။ ပွဲတစ်ပွဲမှာ ရလဒ်ကောင်းနိုင်ဖို့ သူ့အသင်းအတွက် ဖြစ်နိုင်ခြေရှိမယ့်နည်းလမ်းအကုန်လုံးကို အသုံးပြုသွားဖို့ရှိကြောင်းလည်း ဆီမြွန်နီကိုယ်တိုင်က ဝန်ခံပြောဆိုသွားခဲ့သေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုမက်ဒရစ်အသင်းကို ဆီမြွန်နီတာဝန်ယူခဲ့တဲ့ (၁၀)နှစ်ကျော်ကာလအတွင်း အသင်းကစားပုံကိုရော ဆီမြွန်နီကိုပါ ဝေဖန်ပြစ်တင်မှုတွေအများဆုံးရှိခဲ့တဲ့ ရာသီတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့ရတာလည်းအမှန်ပါပဲ

 

Most Read

Most Recent