လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင် ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင် ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 1 July 2022

တရားမဝင်တင်သွင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအား လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိ ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

ဇူလိုင် ၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ Without ကားများ ကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး လိုင်စင်ထုတ်ပေးရန်ု အစီအစဉ် ရှိ၊ မရှိ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို  ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လိုင်စင်မဲ့ ကားများနှင့်ပတ်သက်၍  အွန်လိုင်းပေါ်တွင် လိုင်စင်ပေးတော့မည်ဟု ရေးသားပြောဆိုနေမှုများကိုတွေ့ရကြောင်း၊  ယခင် နယက(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)  အစိုးရလက်ထက်က ၈၅ ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်၍ တရားဝင်ယာဉ် အဖြစ် မှတ်ပုံတင်ပေးသည့်လုပ်ငန်းလုပ်ဆောင်ခဲ့မှုရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်ရှိကြောင်း၊ ထိုစဉ်ကအခြေအနေတစ်မျိုးဖြစ်ကြောင်း  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တရားမဝင်တင်သွင်းလာသည့် မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးမည်ဆိုပါက ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများကို ဖော်ဖျက်ကျော်လွန်ရာ ရောက်မည်ဖြစ်သလို နိုင်ငံတကာတွင် ကျင့် သုံးနေသည့် စနစ်များကိုလည်း ဆန့်ကျင်ရာရောက်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တရားမဝင် တင်သွင်းမှုကိုလည်း အားပေးရာရောက်မှာလည်း ဖြစ်တယ်။ ပြီးရင် ပြဿနာက ပိုပြီးကြီးတာ က အိမ်နီးချင်းနိုင်ငံတွေကနေ ခိုးလာတဲ့ယာဉ်တွေဖြစ်ရင် ဒါပိုပြီးတော့ ကန့်ကွက်ခံရဦးမယ်။ အဲလိုမျိုးဟာ တွေ ရှိ၊ မရှိဆိုတာလည်း ပိုပြီးသိပါတယ်၊ ဝင်လာတဲ့ယာဉ်တွေဟာ Second hand တွေ ဖြစ်တယ်ဆိုတာ လည်း သိပြီးသားဖြစ်တယ်။ ဒါ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မလိုလားအပ်တဲ့ကိစ္စတွေ ရှုပ်ထွေးလာနိုင်တာ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ လိုင်စင်အဖြစ် ထုတ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ပဲ ပြောချင် ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ဖြစ်အောင် ဆောင်ရွက်ပေးမည်ဆိုပါက တရားဝင်တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များသည်လည်း နစ်နာမှုများ ရှိမည်ဖြစ်ပြီး  ခွင့်ပြုချက်နှင့် ဖွင့်လှစ်ထားသည့် Car showroom များ၊ Sale Center များကိုလည်း ထိခိုက် လာနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ထို့ပြင် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ဖြစ်အောင် ဆောင်ရွက်ပေးမည်ဆိုပါ က ကန့်ကွက်မှုများ ဖြစ်လာနိုင်ခြင်းနှင့် ပြည်တွင်း ကားစျေးကွက်တွင်လည်း ကမောက်ကမ ဖြစ်နိုင်ခြင်းတို့ ကြောင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent