■ ဒီလစ်ကို မိမိတို့ တားဆီးရန် မဖြစ်နိုင်ဟု ဂျူဗင်တပ်စ်အမှုဆောင်ချုပ် ဆို     

■ ဒီလစ်ကို မိမိတို့ တားဆီးရန် မဖြစ်နိုင်ဟု ဂျူဗင်တပ်စ်အမှုဆောင်ချုပ် ဆို     
Photo: Getty Images
Photo: Getty Images
Published 1 July 2022

ဂျူဗင်တပ်စ်အသင်း၏ အမှုဆောင်ချုပ် မော်ရီဇီယိုအရီဗာဘီနီက နယ်သာလန်နောက်ခံလူ ဒီလစ်သာ အသင်းပြောင်း ရွှေ့ရန် ဆန္ဒရှိခဲ့ပါက မိမိတို့အနေဖြင့် တားဆီးရန် မဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ဒီလစ်ကို ချယ်လ်ဆီးအသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး ဂျူဗင်တပ်စ်အသင်းနှင့် ပေါင်(၁၀၂)သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားသော်လည်း ချယ်လ် ဆီးအသင်းက ယင်းပမာဏ ပေးချေလိုခြင်းမရှိပေ။ 

အရီဗာဘီနီက "အသင်းက ထွက်ချင်တဲ့ကစားသမားကို  ထိန်းသိမ်းထား ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ ကမ်းလှမ်းမှုတော့ ဖြစ်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် (၂၂) နှစ်အရွယ် ဒီလစ်ကို အသင်းတောင်ပံကစားသမား ပူလီဆစ်+ ငွေသားဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။ 

Most Read

Most Recent