■ အစားထိုးရန် ကစားသမားခေါ်ယူပြီးမှ အကီကို မန်စီးတီးအသင်း ရောင်းထုတ်မည်

■ အစားထိုးရန် ကစားသမားခေါ်ယူပြီးမှ အကီကို မန်စီးတီးအသင်း ရောင်းထုတ်မည်
Photo: Getty Images
Photo: Getty Images
Published 1 July 2022

မန်စီးတီးအသင်းသည် ပြိုင်ဘက်အသင်းများ ခေါ်ယူရန် စိတ်ဝင်စားနေသည့် နယ်သာလန်နောက်ခံလူ အကီကို အစားထိုးရန် ကစားသမား ခေါ်ယူပြီးမှသာ ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။ 

အကီ(၂၇ နှစ်)ကို မန်စီးတီးအသင်းသည် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်၌ ချယ်လ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေသည်။ 

မန်စီးတီးအသင်းက ၎င်းကို အသင်းတွင် ထိန်းသိမ်းသွားရန် စီစဉ်ထားခြင်းမရှိသော်လည်း အစားထိုးရန် ကစားသမား ခေါ်ယူပြီးမှသာ ထွက်ခွာခွင့်ပြုမည်ဟု သိရသည်။

အကီသည် မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်း၏ လက်ရှိစျေးကွက်ပေါက်စျေးမှာ ယူရို (၂၅) သန်းဝန်းကျင် ရှိကြောင်း သိရသည်။ 

အကီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ချယ်လ်ဆီးအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်မရဘဲ အငှားချထားခြင်းခံရကာ ၂၀၁၇ နွေရာသီတွင် ဘုန်းမောက်အသင်းသို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ 

၎င်းသည် ၂၀၂၀ နွေရာသီတွင် မန်စီးတီးအသင်းသို့ ပေါင် (၄၁) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ပြိုင်ပွဲစုံ (၂၇) ပွဲတွင် (၃) ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent