နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်ကို အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်

နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်ကို အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်
Published 22 June 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြို့ တော်ဝန်ဟောင်း ဒေါက် တာမျိုးအောင် အား တရားစွဲဆိုထားသည့် အမှု ငါးမှုအတွက် အမှု တစ်မှုလျှင် သုံးနှစ်စီဖြင့် စုစုပေါင်း ထောင် ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း အမှုနှင့် ပတ်သက် ၍ ထွက်ပေါ်လာသည့် သတင်းများ အရ သိရသည်။

ဇွန် ၂၂ ရက်က နေပြည်တော်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါက်တာမျိုးအောင်ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှု နှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်း များအရ သိရသည်။

ဇွန် ၂၂ ရက် ရုံးချိန်းတွင် အဂတိအမှု ငါး မှုဖြင့် ဒေါက်တာမျိုးအောင်အား ထောင်ဒဏ် ၁၅ နှစ်၊ နေ ပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးအား အဂတိအမှု တစ်မှုဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူအား အဂတိအမှု တစ်မှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သော်လည်း မည်သည့် အမှုများအ တွက် ထောင်ဒဏ်ချမှတ်ခဲ့သည်ကိုမူတိတိကျ ကျ သိရှိရခြင်း မရှိသေးကြောင်း အမှုနှင့် ပတ် သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် နေပြည်တော်တွင် ဒေါ်ခင်ကြည် ဖောင်းဒေရှင်းက ဆောင်ရွက်သည့် လရောင်တောစီမံကိန်း အတွက် ၁၀၁ ဒသမ ၃၃ ဧကအား ချပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါက်တာမျိုးအောင်သည်  ဒေါ်အောင်ဆန်း စုကြည်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးမင်းသူတို့နှင့်အတူ အဂတိဖြင့် တရားစွဲခံထားရသည့် အမှုတစ်မှု၊ ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းတစ်ခုအတွက် မြေ ၂၃ ဒသမ ၈၅၅ ဧက ချထားပေးမှုအတွက် ဒေါက်တာမျိုးအောင်သည် ဒေါ်အောင်ဆန်းစု ကြည်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး တို့နှင့်အတူ အဂတိဖြင့် တရားစွဲခံထားရ သည့် အမှုတစ်မှုတို့ရှိကြောင်း သိရသည်။

ထို့ပြင် ဒေါက်တာမျိုးအောင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း တို့ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ပိုင် မြေကွက် များ ရောင်းချရသည့်ငွေကျပ် သိန်း ၁၈၀၀၀ ကို သုံးစွဲခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၈၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ ရသည့်အတွက် အဂတိဖြင့် တရားစွဲဆိုထား သည့် အမှု၊ ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းတို့ ဆောင်ရွက်ရာတွင် ကော်မ တီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၉၆ ကွက်အား မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ငွေကျပ်သိန်း ၇၈၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ ခြင်းတို့ကြောင့် အဂတိဖြင့် တရားစွဲဆိုထား သည့် အမှုများလည်း ရှိကြောင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန် ထားသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရကျောင်းအနီး မြေကွက် ၃၅ ကွက် ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာ တွင်ကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၃၅ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ခြင်းကြောင့် ငွေကျပ်သိန်း ၃၉၀၀ ကျော် နစ်နာ ဆုံးရှုံးခဲ့ခြင်း၊ ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက် ပန်းလမ်းအတွင်းရှိ မြေ ၀ ဒသမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်မည့် ပုဂ္ဂိုလ် တစ်ဦးကို ခွင့်ပြုချထားပေးခဲ့ရာတွင် ကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ ခြင်းကြောင့် ငွေကျပ် သိန်း ၅၀၀ ခန့်နစ်နာခဲ့ ခြင်း၊ နေပြည်တော်မြို့မစျေး အငြိမ်းစား ဝန်ထမ်းအိမ်ယာအနီး ပျဉ်းမနား-တောင်ညို လမ်း၏ တောင်ဘက်ရှိ မြေဧက ငါးဧကကျော် ကို Shopping Mall  ဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာတွင် သမ္မတရုံးသို့ တင်ပြခြင်းမရှိဘဲ မြေငါးဧကကို တစ်ဧက လျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် ကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့ရခြင်းများ ကြောင့် ဒေါက်တာမျိုးအောင်အား အဂတိ   လိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တ ရားစွဲဆိုထားသည့် အမှုများလည်း ရှိကြောင်း သိရသည်။

Most Read

Most Recent