နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် PNLO ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် PNLO ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုး
Published 18 June 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွှတ်မြောက်​​ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ဦး​ဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇွန် ၁၈ ရက်က နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေး​​နွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွှတ်မြောက်​​ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦး​ဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမတွင် အစည်းအဝေး ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဘက်ဆွေးနွေးညှိနှိုင်းကြပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ်​​ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် ပအိုဝ်းအမျိုးသားလွှတ်မြောက်​​ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်နှင့် နိုင်​တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေး​​နွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် အိုဝ်းအမျိုးသားလွှတ်မြောက်​​ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်၊ တွဲဖက်အ​ထွေထွေအတွင်းရေးမှူး(၁)ခွန်မင်းသိန်း၊ ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent