တရုတ်က တတိယမြောက် လေယာဉ်တင်သင်္ဘောကို ရေချ

တရုတ်က တတိယမြောက် လေယာဉ်တင်သင်္ဘောကို ရေချ
Photo: AFP
Photo: AFP
Published 17 June 2022
Ref: AFP

တရုတ်နိုင်ငံသည် ဇွန် ၁၇ ရက်က ၎င်း၏ အကြီးဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင် သင်္ဘောကို ရေချခဲ့ပြီး ယင်းသင်္ဘောသည် တရုတ်နိုင်ငံအတွင်းမှာပင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့သည့် ပထမဆုံးလေယာဉ်တင် သင်္ဘောဖြစ်လာခဲ့ကာ အာရှစူပါပါ၀ါဖြစ်သည့်တရုတ်အတွက် အဓိက စစ်ရေးအင် အားတိုးတက်မှုတစ်ခုဖြစ်ခဲ့သည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုများမြင့်တက်နေချိန် တွင် တရုတ်က ၎င်း၏ တတိယမြောက်လေယာဉ်တင်သင်္ဘောကို ရေချသည့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၇ ခုနှစ်တွင် အမေရိကန်စစ်တပ်ကို ယှဉ်ပြိုင်နိုင်မည့် အဆင့်မြင့် စစ်အင်အားကို တည်ဆောက်မည်ဟု ကြုံးဝါးခဲ့သည့် တရုတ်သမ္မတ ရှီကျင်းပင်လက်အောက်တွင် တရုတ်၏ လေ ယာဉ်တင်သင်္ဘောတည်ဆောက်ရေးစီမံကိန်းသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်အင်အားမြှင့်တင်မှုတွင် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဖူကျန်ဟု အမည်ပေးထားသည့် လေယာဉ်တင်သင်္ဘောသစ်တစ်စင်းလုံး ကို တရုတ်နိုင်ငံက ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ခဲ့ ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ယင်းမတိုင်မီက တရုတ်တွင် လျောင်နင်နှင့် ရှန်တုန်အမည်ရှိ လေယာဉ် တင်သင်္ဘော နှစ်စင်းရှိသည်။    

 

 

Most Read

Most Recent