ဦးဝင်းမြင့်၊ ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်​ခေါ်သက်​သေ UEC ဒုတိယ ညွှန်ချုပ်အား စစ်​ဆေး

ဦးဝင်းမြင့်၊ ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်​ခေါ်သက်​သေ UEC ဒုတိယ ညွှန်ချုပ်အား စစ်​ဆေး
Published 17 June 2022

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်ဩဇာလွှမ်းမိုးခြင်းများကြောင့်ဟုဆိုကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇွန် ၁၇ ရက်က ဇမ္ဗူသီရိမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး(၁) ရုံးထိုင်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်​​အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား မလျော်ဩဇာသုံး၍ လွှမ်းမိုးခြင်းကြောင့်ဆိုကာ ပြည်ထောင်စုရွေး​​ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို စွဲချက်တင်လိုက်သည့် အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေများအဖြစ် တရားလိုဖြစ်သူ ပြည်ထောင်စုရွေး​​ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူနှင့် ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်တို့ကို စွပ်စွဲခံရသူများ၏ ရှေ့နေများက တင်ပြထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဖြင့် ဦးဝင်းမြင့်၊ ဒေါ်​​အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ဇွန် ၂၄ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေများအား စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent