ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများအနေဖြင့် အောက်ခြေအထိ အဂတိတရား ကင်းစွာဖြင့် ပြည်သူအပေါ် ဝန်ဆောင်မှုပေးရန်လိုကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများအနေဖြင့် အောက်ခြေအထိ အဂတိတရား ကင်းစွာဖြင့် ပြည်သူအပေါ် ဝန်ဆောင်မှုပေးရန်လိုကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 14 June 2022

ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများအနေဖြင့် အောက်ခြေအထိ အဂတိတရားကင်းစွာဖြင့် ပြည်သူအပေါ် ဝန်ဆောင်မှုပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဇွန် ၁၃ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အဆင့် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရခိုင်ပြည်နယ်၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပန်းခင်းစီမံချက်ပြုလုပ်မှု၊ အားကစားကဏ္ဍ၊ ငြိမ်းချမ်းရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုစီးပွားရေး၊ နိုင်ငံရေး အားကောင်းစေရန် အခြေခံလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းမှုပင်ဖြစ်ကြောင်း၊ ကမ္ဘာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများကို ကြည့်ပါက လက်နက်ကိုင်ပဋိပက္ခများ မရှိသည်ကို တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်၍ ပြည်သူများအေးချမ်းသာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေး မရှိမဖြစ်လိုအပ်သော ထာဝရငြိမ်းချမ်းရေးရရှိရန် မည်သည့်ကန့်သတ်ချက်မျှမထားဘဲ ဆွေးနွေးနိုင်အောင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်မှုများပြုခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ယခုအချိန်အထိ အေးချမ်းစွာနေထိုင်လိုကြသည့် ငြိမ်းချမ်းရေးအနှစ်သာရကို မပျက်စီးစေလိုကြသည့် နိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒအမှန်ကို သိရှိနာလည်းကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းငါးဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည့်အပြင် ရခိုင်ပြည်နယ်အတွင်းမှ ALP အဖွဲ့သည် နေပြည်တော်မှ လာရောက်ကြိုဆိုပေးသည့် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်လုပ်ငန်းညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း၊ ကျန်ရှိသော EAO များကိုလည်း ဆက်လက်လက်ခံတွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိသည်ကို သိရှိကြစေလိုပါကြောင်း ၎င်းက ဆိုသည်။

ထို့အတူပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူအပေါ် မိသားစုစိတ်ဖြင့် ဦးစီးဦးဆောင်ပြုကာ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစ၍ ပံ့ပိုးစောင့်ရှောက်ပေးရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများမှ အောက်ခြေအထိ အဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ်ဝန်ဆောင်မှု ပေးရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်၏ ယုံကြည်ကိုးစားမှုရရှိအောင် ဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

Most Read

Most Recent