မြန်မာနိုင်ငံ၌ အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်မှု အပါအဝင် တစ်ပတ်အတွင်း ငလျင်ငါးကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။
ဇွန် ၁ ရက်မှ ဇွန် ၅ ရက်အထိ ငလျင်ငါး ကြိမ် လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းတွင် ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်ကို တွေ့ရသည်။
ဇွန် ၁ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် ဂွမြေငလျင်စခန်းမှ အ နောက်တောင်ဘက် ၁၆ မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင် ဂွမြို့၏အနောက် တောင် ဘက် ၁၆ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၇ ဒသမ ၅၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၃၄ ဒီဂရီ၊ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေင လျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
ဇွန် ၂ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ် ၂၆ စက္ကန့်တွင် နမ့်စန်မြေငလျင် စခန်းမှ အရှေ့မြောက်ဘက် ၅၂ မိုင်ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကွန်ဟိန်း မြို့၏ အနောက်မြောက်ဘက် ၂၁ မိုင်ခန့် အ ကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၅၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၂၁ ဒီဂရီ၊ အ နက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး ၄ ဒသမ ၁ အဆင့်ရှိ အင် အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ် ရှားခဲ့သည်။
ထို့အတူ ဇွန် ၃ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီ ၁ဝမိနစ် ၄၇ စက္ကန့်တွင် မန္တ လေးမြေငလျင်စခန်းမှ မြောက်-အနောက် မြောက်ဘက် ၁၀ မိုင်ခန့်ကွာဝေးသော မြန် မာနိုင်ငံပြည်တွင်း (မတ္တရာမြို့၏ အနောက် တောင်ဘက် ငါးမိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားခဲ့သည်။
ဇွန် ၅ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၀၂ မိနစ် ၄၃ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၂၉ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ညောင် တုန်းမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ကိုး မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၇၇ ဒီဂရီ၊ အနက် ၈၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။
အလားတူ ဇွန် ၅ ရက် မြန်မာစံတော်ချိန် ၀၁ နာရီ ၂၃မိနစ် ၃၄ စက္ကန့်တွင် ကျိုင်းတုံမြေ ငလျင်စခန်းမှ အနောက်မြောက်ဘက် ၃၇ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။















