အာဆင်နယ်အသင်းထံ ပြန်လာမည်ဟု ဆာလီဘာ အတည်ပြု

အာဆင်နယ်အသင်းထံ ပြန်လာမည်ဟု ဆာလီဘာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 6 June 2022

မာဆေးလ်အသင်းထံ အငှားချခံထားရသည့် ပြင်သစ်နောက်ခံလူ ဆာလီဘာက လာမည့်ရာသီကြိုကာလတွင် အာဆင်နယ်အသင်းထံ ပြန်လာမည်ဟု အတည်ပြုပြောကြားခဲ့သည်။

ဆာလီဘာ(၂၁ နှစ်)သည် ၂၀၁၉ ခုနှစ်က စိန့်အက်တီယန်အသင်းမှ အာဆင်နယ်အသင်းထံ ပေါင်(၂၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း အာဆင်နယ်အသင်းက အသင်းတွင်အသုံးမပြုဘဲ စိန့်အက်တီယန်၊ နိုက်စ် နှင့် မာဆေးလ်အသင်းများထံ ပြန်လည်အငှားချခဲ့သည်။

ဆာလီဘာသည် ပြီးခဲ့သည့်ရာသီက မာဆေးလ်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆုပင် ရရှိခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းက ပြန်လည်ခေါ်ယူရန် စီစဉ်နေသလို၊ ၎င်းကလည်း ပြန်လာမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent