စစ်ကိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများ ပြိုလဲနေသည်ကို ဧပြီ ၂၈ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက် တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီး ကပ္ပလီ ပင်လယ်ပြင်တွင် မုတ်သုံလေ အားအသင့်အ တင့်မှ အားကောင်းနေသည့်အတွက် စစ် ကိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မေ ၃ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာ န၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေ ကြောင်း၊ ယင်းအတွက်ကြောင့် မေ ၄ ရက် နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ် (အရှေ့ပိုင်း) နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအ နှံ့အပြားမိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ဆက်လက်ပြီး မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ခုနစ်ပေမှ ၁၀ ပေခန့် ရှိနိုင် ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း အနောက်တောင်မုတ်သုံလေသည် မြန်မာ နိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်ခဲ့ပြီးဖြစ် ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တိမ် အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် ကျား၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေ သကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ခဲ့ကာ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုး ကြီးခဲ့ကြောင်း သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ စစ် တွေမြို့တွင် ၅ ဒသမ ၇၁ လက်မ၊ အမ်းမြို့တွင် ၃ ဒသမ ၄၃ လက်မ၊ ဗန်းမော်မြို့တွင် ၂ ဒသမ ၃၆ လက်မ၊ မောင်တောမြို့တွင် ၂ ဒသမ ၃၃ လက်မ၊ တောင်ကုတ်မြို့တွင် ၂ ဒသမ ၂၈ လက်မ၊ မြောက်ဦးမြို့တွင် ၂ ဒသမ ၁၃ လက်မ၊ ကော့သောင်းမြို့တွင် ၂ ဒသမ ၀၁ လက်မ၊ ရွှေကူမြို့တွင် ၁ ဒသမ ၆၉ လက်မ၊ နေပြည် တော် (ပုဗ္ဗသီရိမြို့နယ်) တွင် ၁ ဒသမ ၄၂ လက်မ၊ မင်းကင်းမြို့တွင် ၁ ဒသမ ၂၆ လက်မ နှင့် တောင်ငူမြို့တွင် ၁ ဒသမ ၁၄ လက်မတို့ဖြစ် ကြကြောင်း သိရသည်။
လာမည့်နှစ်ရက်အတွင်း မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် မုတ်သုံလေအားအ သင့်အတင့် ရှိမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။















