နစကဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး ဆွေးနွေးရန် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

နစကဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး ဆွေးနွေးရန် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
Published 3 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနေါးရန် ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့်  ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့(ဇွန် ၃ ရက်)တွင်  နေပြည်တော်သို့ ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ရောက်ရှိရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး  ဗိုလ်ချုပ်ပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေး အဖွဲ့အစည်းများနှင့် ဒေသခံများက ဂုဏ်ပြု ကြိုဆိုကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ထွက်ခွာလာခြင်း ဖြစ်ကြောင်းသိရသည်။

မိုင်းလားအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြကြောင်းသိရသည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသည့် မိုင်းလားအဖွဲ့သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန်ထားသည့် အဖွဲ့များအနက် ပဥ္စမမြောက်ရောက်ရှိလာသည့်အဖွဲ့ဖြစ်သည်။

 

Most Read

Most Recent