ကရင်ပြည်နယ် ဘားအံမြို့နယ် တရုတ်လှ ကျေးရွာအနီးတွင် ကျပ်ငါးဘီလျံကျော်တန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) များနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ဘားအံမြို့နယ် တရုတ်လှ ကျေးရွာအနီးတွင် ကျပ်ငါးဘီလျံကျော်တန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) များနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိ
Published 28 May 2022
ဘိုဘိုမြင့်

ကရင်ပြည်နယ် ဘားအံမြို့နယ် တရုတ် လှကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ ၁၅ ရက်က ငွေကျပ် ငါးဘီလျံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များနှင့် ကွင်း ဆက်တရားခံ ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ကွင်းဆက် တရားခံများ ဖမ်းဆီးရမိခဲ့မှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၅ ရက်၊ ညနေ ၅ နာရီခွဲအချိန်ခန့်က ဘားအံ မြို့နယ်၊ ရန်ကုန်-မြဝတီသွား ကားလမ်း၊ တရုတ်လှကျေးရွာအနီးတွင် သထုံမြို့ဘက်မှ မြဝတီမြို့ဘက်သို့ ကျော်ဇေယျာ မောင်းနှင်ပြီး ဆန်းဝင်းကျော် လိုက်ပါလာသည့် ဗူစ့မေိ မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုး ငွေကျပ် ငါးဘီလျံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း)၂၀၅ ကီလို နှင့် ကတ်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိခဲ့သူများထံမှ စစ်ဆေးဖော်ထုတ်ချက်အရ မေလ ၁၉ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ ၇၈ လမ်းရှိ ဟိုတယ်တွင် မူးယစ် ဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ထွန်း လင်းအောင်အား ဆက်လက်ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ကရင်ပြည်နယ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းကိုလည်း စစ် ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆို ငွေကျပ် ငါးဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များဖမ်းဆီး ရမိခဲ့မှုနှင့် ပတ်သက်ပြီး ကျော်ဇေယျာ၊ ဆန်း ဝင်းကျော်နှင့် ထွန်းလင်းအောင်တို့ သုံးဦး အပေါ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများ ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင် ရွက်နေကြောင်း သိရသည်။