တနင်္သာရီိတိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၀၀ ခန့် ယခုရက်ပိုင်းအတွင်း ထပ်မံဖမ်းဆီးခံရ

တနင်္သာရီိတိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၀၀ ခန့် ယခုရက်ပိုင်းအတွင်း ထပ်မံဖမ်းဆီးခံရ
Published 27 May 2022
ဇော်မိုးဦး (မြိတ်)

ထိုင်းဘက်သို့ တရားမဝင်ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားအချို့ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးနှင့် နယ်နိမိတ် ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၀၀ ခန့် ယခုရက်ပိုင်းအ တွင်း ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ပရာကျွတ် ခီရီခံခရိုင်များအတွင်း မြန်မာနိုင်ငံသားများ မှာ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက် နေဆဲဖြစ်ပြီး နေရာအသီးသီးတွင် လမ်းပြပွဲ စားများနှင့်အတူ လူ ၃၀၀ ခန့် ထပ်မံဖမ်းဆီး ခံခဲ့ရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက် ဆံရေးဌာနမှ သတင်းထုတ်ပြန်ထားခဲ့သည်။

မေ ၂၄ ရက်မှစတင်ပြီး နေရာအသီးသီးမှ ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လာကာ တချို့နေ ရာများတွင် သေနတ်ပစ်ဖောက်ဖမ်းဆီးခဲ့ရမှု များ ဖြစ်ပေါ်ခဲ့ ကြောင်း ထိုင်းနိုင်ငံရှိ မီဒီယာ များတွင်လည်း ဖော်ပြခဲ့သည်။

မေ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ပရာ ကျွတ်ခီရီခံခရိုင် ကော့လတ်ခရိုင်ခွဲ ဗန်းထွန် ခေတ်ရွာ၊ ဗန်းပုံကတ်ကျေးရွာများအနီးတွင် နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသား အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၆၂ ဦး စုစုပေါင်း ၁၉၄ ဦးကို ဖမ်း ဆီးရမိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသား လမ်းပြပွဲစား တစ်ဦးနှင့် မော်တော်ယာဉ်တစ်စီးအပါအဝင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော် ပြည် သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ခဲ့ သည်။

အလားတူ ကန်ချနာဘူရီခရိုင် နောင်လူ ခရိုင်ခွဲ ဗန်းဆောင်ကလျာရွာအနီးတွင် နယ် စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၁၀၁ ဦးကို လမ်းပြပွဲစားနှစ် ဦး၊ ကားနှစ်စီးနှင့်အတူရှိနေစဉ် ဖမ်းဆီးခဲ့ရ ကြောင်း သိရသည်။

ကန်ချနာဘူရီနှင့်ပရာကျွတ်ခီရီခံခရိုင်များတွင် ဖမ်းဆီးခံရသူ ၂၉၅ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တ လေး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် မွန်ပြည်နယ်တို့မှ ဖြစ်ကြောင်း လူတစ် ဦးလျှင် ပွဲစားခထိုင်းဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးကာ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချွန် ဘူရီ၊ စမုစခွန်၊ ဆုန်ခလာ၊ ရတ်ချ်ဘူရီဒေသ များသို့ သွားရောက်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

မေ ၂၅ ရက်တွင်လည်း ကန်ချနာဘူရီခ ရိုင် မောင်းမြို့နယ်အတွင်းသို့ နယ်စပ်ဖြတ် ကျော် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉၆ ဦးကို ဖမ်းဆီးခဲ့ရကြောင်း ထိုင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။

မောင်းမြို့နယ် ဘန့်နောင်စမ်ဖရန်ကျေး ရွာ လမ်းအမှတ်  ၃၂၃  ရှိ ၁၈ ဘီးတွဲကားတစ် စီးပေါ်တွင် မြန်မာနိုင်ငံသားအများအပြားလိုက်ပါလာသည့်သတင်းအရ ထိုင်းလုံခြုံရေး တပ်ဖွဲ့များက သွားရောက်စစ်ဆေးရာ မြန်မာ နိုင်ငံသားများက ပီလောပီနံစိုက်ခင်းများအတွင်းသို့ ဝင်ပြေးခဲ့ကြောင်း ထိုင်းလုံခြုံရေးတပ် ဖွဲ့များက ဖမ်းဆီးရန်ခက်ခဲနေသည့်အတွက် မိုးပေါ်သို့ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံ သားများကို ဖမ်းဆီးပြီးနောက် စစ်ဆေးရာ အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၃၃ ဦး၊ ကလေး ငယ်သုံးဦး စုစုပေါင်း ၉၆ ဦး ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံသားများမှာ မန္တလေးတိုင်းဒေသ ကြီးမှဖြစ်ပြီး ထိုင်းနိုင်ငံရှိ ပထုံဌာနီ၊ ဖိစနုလို့ နှင့် ရယောင်းခရိုင်များတွင် အလုပ်ရရှိရန်ဝင် လာခြင်းဖြစ်ကြောင်း၊ လူတစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးခဲ့ရသည် ဟု တွက်ဆိုခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၏ တရားမဝင် လုပ်ငန်းစဉ်တိုက်ဖျက်ရေးစင်တာများ၏ စာရင်းအရ နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ တစ်လအတွင်း သောင်းနှင့်ချီကာရှိနေပြီဖြစ်ကြောင်း အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Mr. Thanakom Wangboonkongchana ကပြောကြားသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ များအနေဖြင့် ထိုင်းနိုင်ငံအတွင်း ပွဲစားများ၏ခေါင်းပုံဖြတ်ခံရမှုများ၊ လူ့အခွင့်ရေးချိုးဖောက် ခံရမှုများ၊ အလုပ်ခွင်တွင် အလုပ်သမားအခွင့် အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် တရား ဝင်လမ်းကြောင်းများမှ သွားလာကြရန် အလုပ် သမားအခွင့်အရေးဆောင်ရွက်နေသည့် FED အဖွဲ့မှတာဝန်ရှိသူများက အသိပေးပြော ကြားခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent