မေ ၂၆ ရက်က ထိုင်းနိုင်ငံသို့ မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် MoU လုပ်သား ၃၅၀ ကျော် ထပ်မံပို့ဆောင်

မေ ၂၆ ရက်က ထိုင်းနိုင်ငံသို့ မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် MoU လုပ်သား ၃၅၀ ကျော် ထပ်မံပို့ဆောင်
Published 27 May 2022
ကိုရွှေသိန်း

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာ MoU လုပ်သားများကို တွေ့ရစဉ်  (ဓာတ်ပုံ- JACBA)

ထိုင်းနိုင်ငံသို့ မြဝတီ-မဲဆောက်လမ်းမှ တစ်ဆင့် မေ ၂၆ ရက်တွင်  တရားဝင်စာချုပ်ဖြင့် MoU လုပ်သား ၃၅၄ ဦး ထပ်မံပို့ဆောင် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နှစ်နိုင်ငံသဘောတူစာ ချုပ်ဖြင့်  MoU အလုပ်သမား ၃၅၄ ဦးကို မေ ၂၆ ရက်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက  ထိုင်းနိုင်ငံသို့ တရားဝင်ပို့ ဆောင်ခဲ့သည့်အတွက် မေ ၂၆ ရက်အထိ လုပ်သား ၁၆၉၁ ဦးသာ တရားဝင်ပို့ဆောင်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

တရားဝင် MoU လုပ်သားစေလွှတ်မှု နှောင့်နှေးနေသည့်အတွက်  တရားမဝင်ဝင် ရောက်သူ များပြားနေဆဲဖြစ်ပြီး ယခုထက်မြန် ဆန်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်သင့် ကြောင်း မြန်မာနိုင်ငံသားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ထိုင်းအစိုးရဆီက ရထားတဲ့ Demand Letter က တစ်သိန်းခွဲရထားတယ်။ မေ ၁၀ ရက်ကနေ ၂၆ ရက်အထိ စေလွှတ်နိုင်တာက MoU လုပ်သား  ၁၆၉၁ ယောက်။ လုပ်ထုံးလုပ် နည်းတွေ နှေးကွေးတယ်။ တိကျမှန်ကန်ပြီး မြန်ဆန်တဲ့လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့က ပြည်သူအပေါ်ထားတဲ့ စေတနာလိုအပ်နေ တာပေါ့။ သူတို့ဘက် လုပ်တာကိုင်တာနှေး ကွေးနေရင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး လာလုပ်တဲ့သူတွေက များလာနေဆဲ ဖမ်းဆီး ခံရမှုတွေရှိနေဆဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

မြဝတီ-မဲဆောက်လမ်းမှ မေ ၂၆ ရက်က ထိုင်းနိုင်ငံသို့ သွားရောက်သည့် MoU လုပ်သားများမှာ  ထိုင်းနိုင်ငံ Ansen Technology ၌ ၉၈ ဦး၊ Dasko Co.,Ltd ၌ ၅၇ ဦး၊ Spring Kitchens Co.,Ltd တွင် ၁၅၀ ဦးနှင့် Chungseng တွင် ၄၉ ဦး အသီးသီး သွားရောက်လုပ်ကိုင်ရမည် ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ ရုံးက ထုတ်ပြန် ထားသည်။

ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်မှုနှေးကွေးရခြင်းနှင့်ပတ်သက်၍ မြဝတီအခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက “အလုပ်သမား စေလွှတ်ကြာတာလည်း မပြောပါနဲ့။ အခု ကလေးတွေကို နယ်စပ်ဖြစ်တဲ့ မြဝတီမှာ ပတ်စ်ပို့ လာလုပ်ပေးတာ ငွေသွင်းဖို့ ချလန်ရဖို့ကို ပုံ မှန်လေးသောင်းသွင်းရတာ။ အခု ခုနစ်သောင်း  ပေါက်စျေးဖြစ်နေတယ်။ ပုံမှန်စျေးနဲ့တင်ထားတာ တစ်ရက်ပြီးတစ်ရက် အခုထိမကျသေးဘူး။ ရန်ကုန်ကလာပြီး အောက်ကြေးတွေနဲ့ ကွက်ကျော်ရိုက်သူတွေက တစ်နေ့ကို လူသုံး လေးရာ၊  နယ်ခံအေဂျင်စီတွေက တစ်ပတ် ၁၅ ယောက်ကိုတော့ အလှည့်ကျရက်မှာ ပြီး အောင် မရိုက်ရဘူး။ ထိုင်းကို တရားဝင် အ လုပ်သွားလုပ်ဖို့ ပတ်စ်ပို့စာအုပ်ရိုက်တုန်းပဲ ရှိသေးတယ်။ ကုန်တာက သုံးလေးသိန်း။ ကြာ တာက ၁၀ ရက်နီးပါး။ စားစရိတ်နေစရိတ်နဲ့ ဆို ၁၀ သိန်းနီးပါးကုန်ပြီ။ ပတ်စ်ပို့ရိုက်ပြီး တော့ နေပြည်တော်ကို လုပ်သားခေါ်ခွင့်တင် ရမယ်။ ခေါ်ခွင့်ကျမှ ကလေးတွေကို စာချုပ် ပြီး စေလွှတ်ခွင့် တစ်ခါတင်ရသေးတာ။ အဲဒီ တော့ ပတ်စ်ပို့လုပ်တာနဲ့ စေလွှတ်ကျလို့ ထွက် ခွာရတဲ့ထိ လေးငါးလကြာတယ်။အဲ ဒီတော့ နှေးကွေးပြီပေါ့” ဟု ဆိုသည်။

 

 

Most Read

Most Recent