လာမည့် ၂၀၂၂-၂၃ ရာသီတွင် လီဗာပူးလ်အသင်း၌ သေချာပေါက် ဆက်ရှိနေမည်ဟု ဆာလာ ပြောကြား

လာမည့် ၂၀၂၂-၂၃ ရာသီတွင် လီဗာပူးလ်အသင်း၌ သေချာပေါက် ဆက်ရှိနေမည်ဟု ဆာလာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 26 May 2022

လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ကြန့်ကြာနေသည့် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာက မိမိအနေဖြင့် လာမည့် ၂၀၂၂-၂၃ ရာသီတွင် လီဗာပူးလ်အသင်း၌ သေချာပေါက်ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ် ဆာလာသည် ၂၀၂၃ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် ဆာလာကို စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိလျှင် ၂၀၂၃ ခုနှစ်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရမည်ဖြစ်သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် ဆာလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက ပြောင်းရွှေ့ကြေးရရှိရန် ယခုနွေရာသီတွင် ရောင်းထုတ်ရမည်ဖြစ်သည်။

လာမည့် စနေနေ့တွင် ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ အနာဂတ်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏မေးမြန်းမှုကို ဆာလာက ''အဲဒီကိစ္စကို ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော် ဟန်ဒါဆန် ဖလားကိုင်မြှောက်တာကိုပဲ မြင်ချင်ပါတယ်။ အခုအချိန်မှာ စာချုပ်ကိစ္စကို ကျွန်တော် အာရုံမရှိပါဘူး။ နောက်ရာသီ လီဗာပူးလ်အသင်းမှာ ကျွန်တော် သေချာပေါက်ဆက်ရှိနေမှာပါ''ဟု ဆိုခဲ့သည်။

ဆာလာသည် ၂၀၁ရခုနှစ်တွင် ရိုးမားမှ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၂၅၃)ပွဲတွင် (၁၅၆)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent