မြန်မာနိုင်ငံတွင် မေ ၂၄ ရက်အထိ COVID-19 ကာကွယ်ဆေးအကြိမ်ရေ ၅၉ သန်းကျော် ထိုးနှံထားပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၉ သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် မေ ၂၄ ရက်အထိ COVID-19 ကာကွယ်ဆေးအကြိမ်ရေ ၅၉ သန်းကျော် ထိုးနှံထားပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၉ သန်းကျော်ရှိ
Published 26 May 2022

မြန်မာနိုင်ငံ၌ မေ ၂၄ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၅၉ သန်းကျော် ထိုးနှံထားပြီး ထပ်ဆောင်းကာ ကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၉ သန်းကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို ဦးတည်ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေး လျက်ရှိရာ မေ ၂၄ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၆၁၁၀၃၁၈ (၂၆ ဒသမ ၁၁ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ  ၅၂၃၅၂၀၉ (၅ ဒသမ၂၃သန်း)၊ ထပ် ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁၉၉၇၃၁၀ (၁ ဒသမ ၉၉ သန်း)၊ ထိုးနှံပြီးစီးသည့်လူဦးရေ ၃၁၃၄၅၅၂၇ (၃၁ ဒသမ ၃၄ သန်း) နှင့် ကာ ကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၅၉၄၅၃၁၅၅ (၅၉ ဒသမ ၄၅ သန်း) ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ COVID-19  ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို၂၀၂၁ ခုနှစ် ဇန်နဝါရီမှ စတင်ခဲ့ ပြီး အိန္ဒိယနိုင်ငံထုတ် Covishield ၊ တရုတ်နိုင် ငံထုတ် Sinopharm နှင့် Sinovax ၊  ရုရှားနိုင်ငံထုတ် Sputnik Light စသည်တို့ကို ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး Astrazeneca တစ်သန်း  Doses ရရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေးများ ဝယ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမေရိကန် ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံများက အမေရိကန် ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း လှူဒါန်းခဲ့၍ ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း၊ လှူဒါန်း မှုမှ ၁၇ သန်း  Doses ၊  စုစုပေါင်း ၆၂ သန်း  Doses ရရှိပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် Myancopharm ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး အသက် ငါးနှစ်အရွယ် အပါအဝင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်  များပါ ထိုးနှံနိုင်ကြောင်း သိရသည်။

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးသည် စက်မှုဝန်ကြီးဌာနအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG)

 နှင့် ပူးပေါင်း၍ ထုပ်ပိုးထုတ်လုပ် ထားခြင်းဖြစ်ပြီး အသက်ငါးနှစ်အရွယ်မှ စတင် ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်သည့်  ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent