မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် မိုးရာသီချေးငွေမှ ၂၀၂၀ ပြည့်နှစ် မိုးကြိုရာသီ ချေးငွေအထိ အကြွေး ကျန်ရှိမှု ကျပ် ၉၈၇ ဒသမ ၁၀ သန်းရှိ

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် မိုးရာသီချေးငွေမှ ၂၀၂၀ ပြည့်နှစ် မိုးကြိုရာသီ ချေးငွေအထိ အကြွေး ကျန်ရှိမှု ကျပ် ၉၈၇ ဒသမ ၁၀ သန်းရှိ
Published 23 May 2022
မင်းလတ်

မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများကို စိုက်ပျိုးရေးစရိတ် များ ထုတ်ချေးပေးခဲ့ရာ ၂၀၁၄ ခုနှစ် မိုးရာသီ ချေးငွေမှ ၂၀၂၀ ပြည့်နှစ် မိုးကြိုရာသီချေးငွေ အထိ အကြွေး ကျန်ရှိမှု ကျပ် ၉၈၇ ဒသမ ၁၀ သန်းကျန်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ (မန္တလေး) မှ သိရသည်။

“မန္တလေးတိုင်းအတွင်းမှာ အကြွေးဟောင်း ကျန်ရှိတာဆို ၂၀၁၄ မိုးချေးငွေကနေ ၂၀၂၀ မိုးကြိုအထိ တောင်သူတွေကို ကျပ် ၅၉၀၅၇၂ ဒသမ ၃၃ သန်း ထုတ်ချေးပေးခဲ့ပြီး ချေးငွေ ပြန်ဆပ်ငွေက ၅၈၉၅၈၅ ဒသမ ၂၃ သန်း ပြန် ဆပ်ထားပြီး ကြွေး ကျန်ငွေက ၉၈၇ ဒသမ ၁၀ သန်းရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၈၃ ရာခိုင်နှုန်း ပြန်လည်ကောက်ခံရရှိထားပါ တယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ တိုင်းဒေသကြီး ဒုတိယမန်နေဂျာ က ပြောကြားသည်။

ယခင်က စိုက်ပျိုးစရိတ်ချေးငွေကို ချေး ယူပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်နေကြ သည့် တောင်သူများအားလုံးအတွက် ဘဏ်မှ ထုတ်ချေးသည့် စိုက်ပျိုးစရိတ်ချေးငွေများအပေါ်တွင် ကောက်ခံသည့် အတိုးနှုန်းကို လက်ရှိ ရှစ်ရာခိုင်နှုန်း သတ်မှတ်ကောက်ခံရာမှ ယခုအ ခါ ငါးရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 ထို့အတူ MEB Two Step Loan များအ ပေါ် ကောက်ခံသည့်အတိုးနှုန်းကို လက်ရှိကိုး ရာခိုင်နှုန်း သတ်မှတ်ကောက်ခံရာမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက် ခံသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး)မှ သိရသည်။