သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ပရီးမီးယားလိဂ်တွင် ကွင်းအတွင်းကြည့်ရှုသည့် ပရိသတ် ၁၅ သန်းကျော်ဖွယ်ရှိ

သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ပရီးမီးယားလိဂ်တွင် ကွင်းအတွင်းကြည့်ရှုသည့် ပရိသတ် ၁၅ သန်းကျော်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ်အရေအတွက် ၁၅ သန်းကျော်အထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရာသီပြီးဆုံးရန် ပွဲစဉ်တစ်ခုသာ ကျန်ရှိတော့ပြီး ပွဲစဉ်အားလုံးအပြီးတွင် ပရိသတ်စုစုပေါင်း ၁၅ ဒသမ ၀၃ သန်းရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ယင်းပမာဏမှာ COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၈- ၂၀၁၉ ရာသီက ကွင်းအတွင်းကြည့်ရှုခဲ့သည့် ၁၄ ဒသမ ၆၂ သန်းထက် ပိုများသလို ပရီးမီးယားလိဂ်အမည်ဖြင့် ကျင်းပခဲ့သည့် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ၁၅ သန်း အထက် ရောက်ရှိခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

ယခုရာသီတွင်  ရောဂါကြောင့် ကွင်းပိတ်ကစားရခြင်းမရှိ သော်လည်း ချယ်လ်ဆီးအသင်းမှာမူ ဗြိတိန်အစိုးရက အသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်အား အရေးယူပိတ်ဆို့သည့် ပြစ်ဒဏ်ကြောင့် မတ်လကတည်းက အိမ်ကွင်းပွဲစဉ်များအတွက် တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူများမှလွဲ၍ တစ်ပွဲချင်းလက်မှတ် ရောင်းချရခြင်းမရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပရိသတ်ကြည့်ရှုမှုအရေအတွက်ကို Two Circles အား ကစားအရောင်းမြှင့်တင်ရေးအေဂျင်စီက လေ့လာထုတ်ပြန်ထားခြင်းဖြစ်ပြီး အသင်းများအနေဖြင့် အိမ်ကွင်းတစ်ပွဲလျှင် ပျမ်းမျှဝင်ငွေ ပေါင် ၂ ဒသမ ၂ သန်းရရှိပြီး တစ်ရာသီလုံး လက်မှတ်ရောင်းချရမှု ဝင်ငွေစုစုပေါင်း ပေါင် ၈၂၁ ဒသမ ၆ သန်းရှိကြောင်း သိရသည်။

Most Read

Most Recent