အဲဗာတန်ပရိသတ်များ ကွင်းအတွင်း ပြေးဝင်အောင်ပွဲခံစဉ် အဲဗာတန်ပရိသတ်တစ်ဦးနှင့် ပဲလေ့စ်နည်းပြ ဗီယာရာနှင့် အချင်းများ

အဲဗာတန်ပရိသတ်များ ကွင်းအတွင်း ပြေးဝင်အောင်ပွဲခံစဉ် အဲဗာတန်ပရိသတ်တစ်ဦးနှင့် ပဲလေ့စ်နည်းပြ ဗီယာရာနှင့် အချင်းများ
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

အဲဗာတန်အသင်း တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ပြီးနောက် ပရိသတ်များ ကွင်းအတွင်း ပြေးဝင်အောင်ပွဲခံစဉ် ပဲလေ့စ်အသင်း နည်းပြ ဗီယာရာနှင့် ပရိသတ်တစ်ဦး အချင်းများခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲကျန်အဖြစ် အဲဗာတန်နှင့် ပဲလေ့စ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်အသင်းက နှစ်ဂိုးအရှုံးမှ သုံးဂိုးပြန်လည်သွင်းယူပြီး (၃-၂) ဂိုးဖြင့် အနိုင်ရကာ တန်းဆင်းဇုန်အန္တ ရာယ်မှ လွတ်မြောက်သွားခဲ့သည်။ 

အဲဗာတန် အသင်းအနေဖြင့် ပထမပိုင်း ၂၁ မိနစ်တွင် ပဲလေ့စ်တိုက်စစ်မှူး မာတီတာ၊ ၃၆ မိနစ်တွင် ဂျော်ဒန်အယူးတို့သွင်းယူသည့် ဂိုးများကြောင့် နှစ်ဂိုးပြတ် ရှုံးနိမ့်နေသော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်ရရှိခဲ့ ပြီး ၅၄ မိနစ်တွင် မိုက်ကယ်ကင်း၊ ၇၅ မိနစ် တွင် ရစ်ချာလီဆန်နှင့် ၈၅ မိနစ်တွင် ကယ်လ် ဗတ်လူဝင်တို့က သွင်းယူပေးခဲ့သည်။ 

အဲဗာတန်အသင်းအနေဖြင့် ယခုပွဲ အနိုင်ရလဒ် ကြောင့် ၃၇ ပွဲကစား၊ ၃၉ မှတ်ရရှိထားပြီး လက်ကျန်တစ်ပွဲအလိုတွင် တန်းဆင်းဇုန်ပြိုင်ဘက် ဘန်လေနှင့် လိဒ်စ်အသင်းတို့ထက် လေးမှတ်အသာရသွားသဖြင့် တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သည်။ 

ယင်းပွဲအပြီးတွင် အဲဗာတန်ပရိသတ်များက ကွင်းအတွင်းသို့ ပြေးဝင်အောင်ပွဲခံခဲ့ကြပြီး ၎င်းတို့အနက် တစ်ဦးမှာ ဗီယာရာကို လှောင်ပြောင်ခဲ့သဖြင့် ၎င်းက အဆိုပါပရိသတ်အား ခြေထောက်ဖြင့် ကန်ကျောက်ခဲ့ရာ အခြားပရိသတ်များကလည်း တွန်းထိုးလှောင်ပြောင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဗီယာရာကဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်းလည်းသိရသည်။