မန်ယူအသင်းအသင်းနည်းပြသစ် တန်ဟက်ဂ်က မန်ယူအသင်း၏ အနာဂတ်ကို လူငယ်များဖြင့် တည်ဆောက်မည်ဖြစ်သော်လည်း မိမိ၏ စီမံကိန်းများတွင် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို သေချာပေါက်ပါဝင်နေပြီး သူသည် အလွန်ထူးခြားသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် တန်ဟက်ဂ်က "မနက်ဖြန် (တနင်္လာနေ့) ကစပြီး မန်ချက်စတာယူနိုက်တက်အ သင်းအတွက် ကျွန်တော် အာရုံစစိုက်တော့မှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းမှာ လုပ်စရာတွေ အများကြီးရှိနေလို့ဖြစ်ပါတယ်။ အခုအချိန်မှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ကျွန်တော် ပြောလို့မရသေးပါဘူး။
ကျွန်တော် အသင်းနဲ့ စတင်အလုပ် လုပ်ရပါဦးမယ်။ ဒါပေမဲ့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောနိုင်တာကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားသမားကောင်းတွေအ များကြီးရှိပြီး သူတို့နဲ့ အံဝင်မယ့် အခြေအနေကို ရှာဖွေသွားမှာပါ။ အသင်း ရဲ့အနာဂတ်အတွက်လည်း လူငယ်တွေကို အားပြုတည်ဆောက်သွားဖို့ စီစဉ်ထားပြီး စီရော်နယ်လ်ဒိုကတော့ ကျွန်တော့် အစီအစဉ်တွေမှာ သေချာပေါက်ပါဝင်ပါတယ်။ သူက အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် လိုအပ်ပါတယ်"ဟု ပြောကြားခဲ့သည်။















