■ နွေရာသီတွင် ဘာစီလိုနာအသင်း အနည်းဆုံး ကစားသမား(၇)ဦး ခေါ်ယူဖွယ်ရှိ     

■ နွေရာသီတွင် ဘာစီလိုနာအသင်း အနည်းဆုံး ကစားသမား(၇)ဦး ခေါ်ယူဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 20 May 2022

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် အနည်းဆုံး ကစားသမား(၇)ဦး ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီ၏ ဦးဆောင်မှုနှင့် အသင်းကို ပြန်လည်တည်ဆောက်ရန် စီစဉ်နေရာ နေရာစုံ၌ အားဖြည့်၍ ပြောင်းလဲမှုများပြုလုပ်သွားရန် ရည်ရွယ်နေခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားများမှာ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်)၊ ကားလို့စ်ဆိုလာ(ဗလင်စီယာ)၊ ဇူဘီမန်ဒီ(ဆိုစီဒက်)၊ ခွန်ဒဲ(ဆီဗီလာ)၊ ရာဖင်ညာ(လိဒ်စ်)၊ မားကို့စ်အလွန်ဆို(ချယ်လ်ဆီး)၊ အက်ဇ်ပီလီကွယ်တာ(ချယ်လ်ဆီး)၊ ကက်ဆီး(အေစီမီလန်)၊ ခရစ္စတန်ဆန်(ချယ်လ်ဆီး)တို့ဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် လက်ရှိတွင် အေစီမီလန်ကွင်းလယ်လူ ကက်ဆီနှင့် ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို သဘောတူညီမှုရထားပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent