အေစီမီလန်အသင်း၏ ချန်ပီယံဆုအဆုံးအဖြတ်ပွဲဖြစ်သည့် ဆာဆူအိုလိုအသင်းနှင့်ပွဲ လက်မှတ်စျေးနှုန်းမှာ ယူရို(၃၀၀၀)အထိ မြင့်တက်နေကြောင်းသိရသည်။
အေစီမီလန်အသင်းက သူတို့၏ပရိသတ်များကို လက်မှတ်ကြိုတင်မဝယ်ယူဘဲ ဆာဆူအိုလိုအသင်းနှင့်ပွဲအား သွားရောက်ကြည့်ရှုခြင်းမပြုရန် ညွှန်ကြားထားပြီး လက်မှတ်အတုများ၊ လက်မှတ်စျေးနှုန်းမတန်မဆမြှင့်တင်ထားခြင်းတို့နှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း သတိပေးထားသည်။
အဆိုပါပွဲအတွက် အွန်လိုင်းမှ လက်မှတ်ရောင်းချမှုသည် အချိန်(၁)နာရီအတွင်း ကုန်ဆုံးသွား ပြီး လက်မှတ်မရရှိသည့် အေစီမီလန်အသင်းပရိသတ်များသည် တစ်ရာသီစာလက်မှတ်ဝယ်ယူထားသော ဆာဆူအိုလိုအသင်းပရိသတ်များဆီမှ ပြန်လည်ဝယ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
ဆာဆူအိုလိုအသင်း အိမ်ကွင်းသည် ပရိသတ်(၂၁၅၂၅)ဝင်ဆံ့သည်။















