ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဂျရတ်နှင့် အက်စတွန်ဗီလာ မျက်နှာသာပေးရန် မျှော်လင့်ဟု ဟန်ဒါဆန် ဖွင့်ဟ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဂျရတ်နှင့် အက်စတွန်ဗီလာ မျက်နှာသာပေးရန် မျှော်လင့်ဟု ဟန်ဒါဆန် ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 19 May 2022

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာမည့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် အသင်းဂန္ထဝင်ကစားသမားဟောင်း စတီဗင်ဂျရတ်နှင့် အက်စတွန်ဗီလာအသင်း မိမိတို့ကို မျက်နှာသာပေးရန် မျှော်လင့်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မေ (၁၇) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆောက်သမ်တန်အသင်းကို အနိုင်ရပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီး(၉၀ မှတ်)နှင့် တစ်မှတ်သာ ကွာဟတော့ပြီး ချန်ပီယံအသင်းမှာ နောက်ဆုံးပွဲစဉ်တွင်မှ အဖြေပေါ်တော့မည်ဖြစ်သည်။

ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်တွင် မန်စီးတီးက အက်စတွန်ဗီလာ၊ လီဗာပူးလ်က ဝုလ်ဗ်အသင်းတို့ကို အိမ်ကွင်းများတွင် လက်ခံကစားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဟန်ဒါဆန်က ''ကျွန်တော့်တို့အနေနဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့အလုပ်တွေကိုပဲ အာရုံစိုက်လုပ်ကိုင်သွားမှာပါ။ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ကစားရမယ့်ပွဲမှာ စတီဗင်ဂျရတ်နဲ့ အက်စတွန်ဗီလာအသင်းက ကျွန်တော်တို့ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဟန်ဒါဆန်သည် လီဗာပူးလ်တွင် ဂျရတ်နှင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တွဲကစားခဲ့ပြီး ဂျရတ်ထံမှ အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့သူဖြစ်သည်။ 

Most Read

Most Recent