မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဟောင်းနှင့် ရုပ်သံသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်က မန်ယူအသင်းသည် အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေကြောင်း ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းနိမ့်ပါးစဉ်ကပင် ယခုလောက်မညံ့ခဲ့ဟု ဆိုခဲ့သည်။
ဂယ်ရီနဗီးလ်က ''မနှစ်က ရာသီကုန်မှာ မြင်ခဲ့ရတဲ့အလားအလာကောင်းတွေ ဘယ်လိုပျောက်ဆုံးကုန်တာလဲ။ တစ်ခါမှ ဒီလောက်မညံ့ဖူးဘူး။ လီဗာပူးလ် နိမ့်ပါးချိန်တုန်းက အချိန်တွေကို ကျွန်တော် ရင်ဆိုင်ခဲ့ဖူးတယ်။ ဘယ်တုန်းကမှ ဒီလောက် မလွယ်ကူခဲ့ပါဘူး'' ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် လီဗာပူးလ်အသင်းကို နှစ်ကျော့စလုံး ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် နှစ်သင်းနှိုင်းယှဉ်ကာ ဝေဖန်ပြစ်တင်မှုများနှင့် ပိုမိုရင်ဆိုင်နေရသည်။















