ဘိုင်ယန်မြူးနစ်ဂန္ထဝင် လိုသာမားသီးယက်စ်က အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအနေဖြင့် လာမည့်နွေတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့မည်ဆိုပါက မိမိအနေဖြင့် အံ့သြမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လီဝန်ဒေါစကီး (၃၃ နှစ်)သည် ဘိုင်ယန်မြူးနစ်အသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး ဘာစီလိုနာအသင်းက ၎င်းကို ခေါ်ယူလိုနေကြောင်း သိရသည်။
လိုသာမားသီးယက်စ်က ''လီဝန်ဒေါစကီး တခြားဂျာစီဝတ်ဆင်တာမျိုးကို ကျွန်တော် တွေးကြည့်လို့တောင် မရပါဘူူး။ ဒါပေမဲ့ ဘာစီလိုနာက လီဝန်ဒေါစကီးကို (၃) နှစ်စာချုပ်နဲ့ ကမ်းလှမ်းပြီး ပြောင်းရွှေ့ကြေးလည်း အဆင်ပြေမယ်ဆိုရင် ဘိုင်ယန်မြူးနစ်က သူ့ကို လက်လွှတ်ပါလိမ့်မယ်။ ဒါကြောင့် လီဝန်ဒေါစကီး ဘာစီလိုနာ ရောက်သွားမယ်ဆိုရင်လည်း ကျွန်တော် အံ့သြမှာမဟုတ်ပါဘူး''ဟု ဆိုခဲ့သည်။















