ပြီးခဲ့သည့် ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်တွင် ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အနီကတ်ပြသခံရသော ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် (၂)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဒေးဗစ်ဆေးလ်ဗားသည် အဆိုပါပွဲစဉ်၏ ထပ်ဆောင်းအချိန်ပိုတွင် ကွင်းလယ်ဒိုင် အက်ကျူဒီရော့စ်၏ ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ ပြင်းထန်စွာစောဒကတက်သဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။
ဒေးဗစ်ဆေးလ်ဗား၏ လုပ်ရပ်အပေါ် စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီးနောက် မူလ (၁)ပွဲပယ်ပြစ်ဒဏ်မှ နောက်ထပ် (၁)ပွဲထပ်ပေါင်း၍ (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွင်းလယ်ဒိုင် အက်ကျူဒီရော့စ်ကလည်း သူ၏ပွဲပြီးအစီရင်ခံစာတွင် ဒေးဗစ်ဆေးလ်ဗား၏ လုပ်ရပ်ကို ထည့်သွင်းခဲ့သည်။
အက်ကျူဒီရော့စ်၏ ပွဲပြီးအစီရင်ခံစာတွင် ဒေးဗစ်ဆေးလ်ဗားက သူ့အား ''သွားသေလိုက်'' ဟု ပြောဆိုခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။















