နာမည်ကြီးအားကစားသမားများပါဝင်မည့် ဂေါ့ဖ်ဖိတ်ခေါ်ပြိုင်ပွဲတစ်ရပ်တွင် ဘာတီ ဝင်ရောက်ယှဉ်ပြိုင်မည်

နာမည်ကြီးအားကစားသမားများပါဝင်မည့် ဂေါ့ဖ်ဖိတ်ခေါ်ပြိုင်ပွဲတစ်ရပ်တွင် ဘာတီ ဝင်ရောက်ယှဉ်ပြိုင်မည်
Photo: Getty Images
Photo: Getty Images
Published 20 April 2022

 

တင်းနစ်လောကမှ ရုတ်တရက်အနား ယူခဲ့သည့် ကမ္ဘာ့အဆင့်တစ် သြစတြေးလျ တင်းနစ်မယ် အက်ရှ်လီဘာတီသည် နာမည်ကြီးအားကစားသမားများ ပါဝင်မည့် ဂေါ့ဖ် ဖိတ်ခေါ်ပြိုင်ပွဲတစ်ရပ်တွင် ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲကို ဇွန်လ ၃၀ ရက်မှ ဇွန်လ ၁ ရက်အထိ နယူးဂျာစီပြည်နယ်ရှိ Liberty National ဂေါ့ဖ်ကလပ်တွင် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး Team Match-Play ပုံစံ ဖြင့် ကိုးကျင်းစီ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ပြိုင်ပွဲတွင် Team USA နှင့် Team World အသင်းနှစ်သင်း ယှဉ်ပြိုင်မည်ဖြစ် ကာ ပြိုင်ပွဲဝင် ၂၈ ဦးကို တစ်သင်းလျှင် ၁၄ ဦးစီ ပါဝင်စေမည်ဖြစ်ပြီး Team USA ကို အမေရိကန်ဂေါ့ဖ်သမားဟောင်း ဖရက်ကော် ပယ်လ်နှင့် Team World ကိုတောင်အာဖရိ ကဂေါ့ဖ်သမားဟောင်း အာနီအဲလ်စ်တို့က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဖိတ်ခေါ်ပြိုင် ပွဲဝင် Team World အသင်းတွင် မန်စီးတီး နည်းပြ ဂွါဒီယိုလာနှင့် စပါးတိုက်စစ်မှူး ဟာ ရီကိန်း၊ မက္ကဆီကိုလက်ဝှေ့သမား ကာနီလို အယ်လ်ဗာရက်ဇ်၊ Team USA အသင်းတွင်မူ အိုလံပစ်ရေကူးချန်ပီယံ မိုက်က

ယ်ဖဲလ်စ်၊ လက်ဝှေ့အကျော်အမော်ဟောင်း ဒယ်လာ ဟိုယာ၊ NFL ကစားသမားဟောင်း ရိုသယ် လစ်ဘာဂါတို့ ပါဝင်မည်ဖြစ်ပြီး ယှဉ်ပြိုင်မည့် ၁၄ ဦးစာရင်းကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ထုတ်ပြန်မည်ဖြစ်သည်။

Most Read

Most Recent