ဟော်လန်းကိုခေါ်ယူရန် ဖြစ်နိုင်ခြေအလွန်နည်းဟု ဘိုင်ယန်မြူးနစ် အမှုဆောင်ချုပ်အိုလီဗာခန်း ဝန်ခံ

ဟော်လန်းကိုခေါ်ယူရန် ဖြစ်နိုင်ခြေအလွန်နည်းဟု ဘိုင်ယန်မြူးနစ် အမှုဆောင်ချုပ်အိုလီဗာခန်း ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 19 April 2022

ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင် ချုပ်ဖြစ်သူ အိုလီဗာခန်းက ဘွန်ဒစ်လီဂါပြိုင် ဘက် ဒေါ့မွန်အသင်း ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းကိုခေါ်ယူရန် ဖြစ်နိုင်ခြေအလွန်  နည်းပါးကြောင်း ဝန်ခံပြောကြားသည်။

အသက် (၂၁) နှစ်အရွယ် နော်ဝေလက် ရွေးစင်တိုက်စစ်မှူး ဟော်လန်းမှာ ယခုနွေ ရာသီတွင် ဥရောပထိပ်တန်းကလပ်များစွာ ၏ ပစ်မှတ်ကစားသမားဖြစ်နေပြီး ဘိုင်ယန် မြူးနစ်အပါအဝင် ရီးယဲလ်မက်ဒရစ်၊ ဘာစီ လိုနာ၊ မန်စီးတီးအသင်းတို့ကလည်း စိတ်ဝင် စားနေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။ 

၎င်း၏အပြောင်းအရွှေ့သတင်းများ နှင့်ပတ်သက်၍ အိုလီဗာခန်းက ''သူက ဒေါ့ မွန်မှာ သူ့ရဲ့စွမ်းဆောင်ရည်အဆင့်ကို ပြသထားပြီးပါပြီ။ သူက အရမ်းထူးချွန်တဲ့ တိုက် စစ်မှူးတစ်ယောက်ဖြစ်ပြီး အနာဂတ်အတွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ကစား သမားတစ်ယောက်ပါ။ ဒါပေမဲ့ ဟော်လန်းရဲ့ ကုန်ကျစရိတ်က ကျွန်တော်တို့မျှော်မှန်းထား တာနဲ့ တော်တော်လေး အလှမ်းဝေးပါတယ်'' ဟု ပြောကြားသည်။

    

ထို့ပြင် ယခုနွေရာသီတွင် အပြောင်း အရွှေ့သတင်းများ ထွက်ပေါ်နေသည့် တိုက် စစ်မှူး လီဝန်ဒေါစကီးနှင့်ပတ်သက်၍ ၎င်းက ''ကျွန်တော်တို့ သူနဲ့ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူ့ကို တတ်နိုင် သမျှ ဘိုင်ယန်မှာပဲ ဆက်ရှိနေစေချင်တာပါ။ ထိပ်တန်းကစားသမားတွေက တစ်ခါတလေ မှာ မတူညီတဲ့အရာတွေလုပ်နိုင်ဖို့ စဉ်းစား တတ်ကြပြီး သူတို့ကိုစည်းရုံးဖို့ အချိန်ယူရပါ တယ်'' ဟု ဆက်လက်ပြောကြားသည်။

Most Read

Most Recent