ဘာစီလိုနာ နှင့် ကာဒစ်ဇ် (မြန်မာစံတော်ချိန် တနင်္လာည ၁း၃၀ နာရီ)
ကာဒစ်ဇ်ရဲ့ လက်ရှိခြေစွမ်းမဆိုးပေမဲ့ နူးကမ့်မှာတော့ အမှတ်ရဖို့မျှော်လင့်ချက်နည်းပါတယ်။ ဒုတိယနေရာကို ဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ဘာစီလိုနာအနိုင်ကစားမယ်။
နာပိုလီ နှင့် ရိုးမား (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)
နာပိုလီရဲ့ လက်ရှိပုံစံက အားရစရာဖြစ်ပေမဲ့ Rhythm မှန်လာတဲ့ မော်ရင်ဟိုရဲ့ ရိုးမားကိုလည်း လျှော့မတွက်သင့်ဘူး။ ဒါပေမဲ့ ရိုးမား သရေရဖို့တောင် ခက်ပါတယ်။
အတ္တလန်တာ နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် တနင်္လာည ၁း၃၀ နာရီ)
အတ္တလန်တာအတွက် ခက်ခဲဦးမယ့်ပွဲပါ။ ဗီရိုနာက မာကျောပြီး အသင်းကြီးတွေကိုလည်း ဒုက္ခပေးလေ့ရှိတယ်။ အတ္တလန်တာ ခက်ခဲဦးမယ့် ပွဲပါပဲ။















