၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျဆုံးပြီးနောက် အီဂျစ်အသင်းနှင့် နည်းပြ ကွီရော့ဇ် လမ်းခွဲ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျဆုံးပြီးနောက် အီဂျစ်အသင်းနှင့် နည်းပြ ကွီရော့ဇ် လမ်းခွဲ
Photo: Getty Images
Photo: Getty Images
Published 31 March 2022

အီဂျစ်လက်ရွေးစင်အသင်းနည်းပြ ကားလို့စ်ကွီရော့ဇ်သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျဆုံးပြီးနောက် ရာထူး မှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

အီဂျစ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန် တတိယအဆင့်(ဒုတိယအကျော့) ပွဲစဉ်တွင် ဆီနီဂေါအသင်းအား (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း (၁-၁) ဖြစ်နေသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ကွီရော့ဇ်သည် ၂၀၂၁ စက်တင်ဘာတွင် အီဂျစ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကျဆုံးသဖြင့် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

ကွီရော့ဇ်က အိပ်မက်များ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အီဂျစ်အသင်းကို ကိုင်တွယ်စဉ်အတွင်း ကူညီပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း သူ၏ Twitter တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent