အခမ်းနားဆုံးအိပ်မက်အတွက် အဆုံးသတ်အားပြိုင်ပွဲ

အခမ်းနားဆုံးအိပ်မက်အတွက် အဆုံးသတ်အားပြိုင်ပွဲ
Photo : AFP
Photo : AFP
Published 28 March 2022
Phoe Thar

ကမ္ဘာ့ဖလားဝင်ခွင့်ခွဲတမ်း (၅)နေရာရရှိထားတဲ့ အာဖရိကဇုန်မှာ ခြေစစ်ပွဲဝင်အသင်း(၅၄)သင်းအထိရှိခဲ့ပြီး ၂၀၁၉ စက်တင်ဘာ (၄)ရက်နေ့မှာ ပထမအဆင့်ခြေစစ်ပွဲကိုစတင်ခဲ့ကာ လက်ရှိအချိန်မှာတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ တတိယအဆင့်ခြေစစ်ပွဲ(ဒုတိယအကျော့) ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယအဆင့်ခြေစစ်ပွဲအသင်း (၄)သင်းပါ အုပ်စု (၁၀)စုက အုပ်စုဗိုလ် (၁၀)သင်းကို မဲနှိုက်ရွေးချယ်ပြီး ထိပ်တိုက်တွေ့ဆုံစေခဲ့တဲ့ တတိယအဆင့်ကိုတော့ အိုင်ဗရီကို့စ်၊ ဂါဘွန်၊ တောင်အာဖရိကနဲ့ တိုဂိုတို့လို ပရိသတ်ရင်းနှီးတဲ့ အသင်းတွေကလွဲလို့ ကျန်အသင်းကြီးအားလုံး စုံစုံညီညီတက်ရောက်လာတာပါ။ လက်ရှိတတိယအဆင့်ကို တက်ရောက်လာတဲ့အသင်း (၁၀)သင်းထဲမှာ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ကို မကစားဖူးတဲ့အသင်းအဖြစ် မာလီတစ်သင်းသာပါဝင်ပြီး ကျန် (၉)သင်းကတော့ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ကို အနည်းဆုံး (၁)ကြိမ် ကစားထားဖူးတဲ့အသင်းတွေပါပဲ။ ကာတာမြေကို ချီတက်ခွင့်ရမယ့် နောက်ဆုံးတိုက်ပွဲမှာ ဘယ်သူတွေ အောင်ပွဲခံခွင့်ရမလဲ။ ဘယ်သူတွေ အသည်းကွဲကျန်ရစ်ဦးမလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

 

Most Read

Most Recent